ပို့လဘား၊ ဇူလိုင် ၁၁ ရက်၊ မူဆယ်

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် တရုတ်- မြန်မာနယ်စပ် မူဆယ်မြို့မှာ တရုတ်ဖိအားကြောင့် စစ်ကောင်စီတပ်က ကျားဖြန်တွေကို ဖမ်းဆီးမှုတွေ လုပ်ပြနေတယ်လို့ မူဆယ်မြို့ခံ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီနေ့ ဇူလိုင် ၁၁ ရက် မနက် ၆ နာရီဝန်းကျင်မှာ မူဆယ်မြို့ ဖူလီလိုက်အပေါ်ဘက်မှာရှိတဲ့ ကျားဖြန်ကုမ္ပဏီတစ်ခုကို စစ်ကောင်စီတပ်က လာရောက်ဝန်းရံထားပြီး ကျားဖြန်လုပ်ကိုင်သူတွေကို ဖမ်းဆီးမှုတွေ ပြုလုပ်နေတာလို့ ပြောပါတယ်။

“ဘယ်လောက်ဖမ်းလဲတော့မသိရသေးဘူး။ သူတို့လာဝိုင်းတာပဲရှိတယ်။ သူတို့လာတဲ့အချိန်နဲ့ သတင်းက ကြိုရထားတော့ ပြေးကုန်ကြပြီလေ။ အပေါ်မှာ လူနည်းနည်းပါးပါးပဲရှိတော့မယ်။ တိုက်အမိုးပေါ်မှာ နေတဲ့သူတွေပဲကျန်မယ် ။ အဲဒီကုမ္မဏီမှာ မြန်မာက လူတွေလုပ်နေတာ။ မြန်မာက တရုတ်စကားမတတ်တဲ့မြန်မာလူမျိူးတွေပဲ များတယ်။ သူတို့ကိုဖမ်းမိရင်လည်း ဖုန်းတွေအကုန်သိမ်း၊ ရဲစခန်းမှာလည်း ၆လလောက် နေရပြီး ပြန်လွှတ်ပေးတာရှိတယ်။ ပိုက်ဆံရှိတဲ့သူလည်း တရုတ်ယွမ် ၂သောင်း ၃ သောင်းနဲ့ ပြန်ရွေးတယ်” လို့ အထက်ပါ အမျိုးသမီးက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်မှာ မူဆယ်မြို့ရှိ စွမ်စော်နဲ့ ကောင်းမှုတုံရပ်ကွက်ရှိ ကျားဖြန်တွေကို စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းစီးခဲ့ရာ တရုတ်နိုင်ငံသား ၄၁ ဦးနဲ့ မြန်မာနိုင်ငံသား ၉၂ ဦး ဖမ်းပြခဲ့ပါတယ်။

မူဆယ်မြို့က အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန်)လုပ်ကိုင်သူတွေထဲမှာ တရုတ်နိုင်ငံသားအပါအဝင် မြန်မာနိုင်ငံသား ၅သောင်းနီးပါးလည်း ပါဝင်လုပ်ကိုင်နေကြတယ်လို့ မူဆယ်မြို့မ ရဲစခန်းရှိ ရဲဝန်ထမ်းတစ်ဦးက ရွှေဖီမြေကို ပြောဆိုထားဖူးပါတယ်။

စစ်ကောင်စီတပ်ကတော့ တရုတ်ဘက်က ဖိအားပေးလာရင် အခုလို ဖမ်းဆီးမှုတွေ ပြုလုပ်လေ့ရှိပြီး ဖမ်းဆီးရာမှာလည်း အခွန်ရှောင်သူတွေကိုသာ အဓိက ဖမ်းဆီးနေတာ ဖြစ်ပါတယ်။

အချို့ ကျားဖြန်ကုမ္မဏီတွေကိုတော့ ဖမ်းဆီးမယ့်အကြောင်း သတင်းအရင်ပေးပို့ပြီးမှသာ ဝင်ရောက်စစ်ဆေးလေ့ရှိတာ ဖြစ်တယ်လို့ ရွှေဖီမြေရဲ့ သတင်းအရင်းမြစ်တွေက ပြောပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။