မိုင်းဖိူမ်းဆငဲ၊ အောက်တိုဘာ ၁၁ ရက်၊ ကျောက်မဲ
ကျောက်မဲမြို့နယ်ထဲရှိ တော့ဆန်ကျေးရွာအနီးကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အဲဗုံးကြဲမှုဟာ ရှမ်းပြည်တိုးတက်ရေးပါတီ-SSPPတပ်စခန်းအနီးမှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။
ဖြစ်စဥ်က ဒီနေ့နေ့လည် ၁ နာရီခွဲဝန်းကျင်မှာ စစ်ကောင်စီဘက်က ပေါင် ၂၅၀ လို့ယူဆရတဲ့ ဗုံး ၂ လုံးကြဲချခဲ့တာဖြစ်ပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် ရှမ်းပြည်တိုးတက်ရေးပါတီ – SSPP ဖက်က ထိခိုက်မှု ရှိနိုင်တယ်လို့ မြေပြင်ရှိ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“ငေါ့လွယ်ရင် နဲ့ တော့ဆန် ကြားက SSPP တွေထိုင်တဲ့ကုန်းမှာပဲ ကြဲသွားတာ။ ထိခိုက်မှုရှိရင်လည်း SSPP တွေပဲရှိမှာ။ ရှိရင်ပေါ့ မရှိရင်လည်း မရှိဘူး”
တော့ဆန်ရွာက မိုင်းငေါ့မြို့အထက်မှာတည်ရှိပြီး အဲရွာမှာ SSPP တပ်စခန်းလည်း တည်ရှိထားသလို TNLAတပ်လည်း သွားလာလှုပ်ရှားနေပြီး စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုအကြောင်း SSPPဘက်က တစုံတရာထုတ်ပြန်ထားတာမျိုး မရှိသေးပါဘူး။
စစ်ကောင်စီတပ်ဟာ TNLA ထိန်းချုပ်ဒေသအများအပြားကို ဗုံးကြဲတိုက်ခိုက်နေပြီး ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၃၁ဦးထိ သေဆုံးခဲ့ပြီ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။