ဇူလိုင် ၁၁၊ နောင်ချို
ဒီနေ့ ဇူလိုင် ၁၁ရက်နေ့ နေ့လည် ၃နာရီ ၁၀မိနစ်ခန့်မှာ စစ်ကောင်စီတပ်က နောင်ချိုမြို့ပေါ်ကို ဂျက်ဖိုက်တာလေယာဉ်နဲ့ ပေါင် ၂၅၀ဗုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။
“ပစ်ချတာက နောင်ချိုမြို့ပေါ်က ၂လုံး။ စျေးရပ်ကွက် နယ်မြေ(၁၀)ပေါ့။ လူထိခိုက်တော့မရှိဘူး။ အကုန်ရှောင်ကြပြီဆိုတော့”လို့ နောင်ချိုသတင်းအရင်းမြစ်က ပြောပါတယ်။
အဲဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် ၆လုံးထိခိုက်ပျက်စီးသွားခဲ့ပြီး ကျောက်ကြမ်းကိုလည်း ဗုံး ၂လုံးကြဲချတိုက်ခိုက်ခဲ့ပေမယ့် ထိခိုက်မှုတော့ မသိရသေးပါဘူး။
လက်ရှိ တိုက်ပွဲဟာ (၆၀၆)ဒုံးတပ်အနီး နောင်ချိုဆိုင်းပုဒ်နားမှာ ပြင်းထန်နေဆဲဖြစ်ပြီး မြို့ပေါ်ရပ်ကွက်တွေကနေလည်း တိုက်ပွဲသံကြားနေရတယ်လို့ ဆိုပါတယ်။
နောင်ချိုမြို့ကို စစ်ကောင်စီတပ်က အင်အားထောင်ချီနဲ့ ဘက်ပေါင်းစုံကနေ ထိုးစစ်ဆင်နေပြီး တအာင်းတပ်နဲ့တော်လှန်ရေးတပ်တွေလည်း နောင်ချိုလက်မလွှတ်ရဖို့ ခုခံကာကွယ်နေဆဲ ဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။