ဓာတ်ပုံ – TNLA

မိုင်းရူပ၊ မေလ ၂ ရက်၊ နောင်ချို

တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နောင်ချိုမြို့နယ် လုံခံကျေးရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်က ထုတ်ပြန်ပါတယ်။

လုံခံကျေးရွာကို စစ်ကောင်စီတပ်က မနေ့ မေလ ၁ ရက် ည ၆ နာရီ ၄၅ မိနစ်မှာ ဂျက်ဖိုက်တာအသုံးပြုပြီး ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုတော့ မရှိဘူးလို့ သိရပါတယ်။

စစ်ကောင်စီရဲ့ အမြောက်တပ်တည်ရှိရာ တောင်းခမ်းကျေးရွာနဲ့ နောင်ချိုနဲ့ ပြင်ဦးလွင်ကြားရှိ အုမ္မတီးကျေးရွာတွေမှာတော့ စစ်ကောင်စီတပ်နဲ့ တအာင်းတပ် TNLA အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“လုံခံရွာကို ဂျက်နဲ့ ၂ ကြိမ်လာကြဲသွားတယ်။ မနေ့က လက်နက်ကြီးရော၊ ဒရုန်းရော အလုံး ၃၀ ကျော်တယ်။ အဆိပ်ငွေ့နဲ့လည်း လာကြဲတယ်” လို့ ဆိုပါတယ်။

TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နဲ့ ၁၀ မိုင်ကျော်ကွာဝေးတဲ့ နောင်လင်ရွာအထိ ရောက်ရှိလာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ နောင်လင်ရွာရဲ့ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းကိုသာ ထိန်းချုပ်နိုင်သေးတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

စစ်ကောင်စီတပ်ဟာ ၎င်းလက်လွတ်ထားရတဲ့ နောင်ချိုမြို့ကို ပြန်ထိန်းချုပ်ဖို့ တောင်းခမ်းနဲ့ အုမ္မတီးဘက်ကနေ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလအတွင်း စစ်ကောင်စီတပ်ဟာ နောင်ချိုမြို့နယ်အတွင်း လက်နက်ကြီး (၂၆) လုံး၊ အဆိပ်ငွေ့ ဗုံး (၃၇) လုံးနဲ့ လေကြောင်းနဲ့ ဗုံး (၃၂) လုံး အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ TNLA က ဆိုပါတယ်။

TNLA ပါဝင်တဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ကတော့ ငလျင်သင့်တဲ့ဒေသတွေမှာ ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်နိုင်ဖို့ ခုခံစစ်ကလွှဲပြီး မေလကုန်အထိ အပစ်ရပ်ကြောင်း မနေ့ မေလ ၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။