မိုင်းရူပ၊ စက်တင်ဘာ ၁၆ ရက်၊ လားရှိုး

စစ်ကောင်စီတပ် ပြန်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့ ဆင်နှစ်ကောင်ဟိုတယ်မှာ စစ်ကောင်စီနဲ့ ကိုးကန့်တပ်မတော် (MNDAA)တို့ ဒီနေ့ စက်တင်ဘာ ၁၆ ရက်မှာ ထပ်မံတွေ့ဆုံ ဆွေးနွေးနေတယ်လို့ သိရပါတယ်။

“မနက် ၁၀ နာရီဝန်းကျင်မှာ ကိုးကန့်ယာဉ်တန်းတွေ လားရှိုးထဲ ဝင်လာတာ တွေ့တယ်။ ကား ၇ စီးလောက် ရှိမယ်။ လုံခြုံရေးတွေလည်း ပါတယ်။ ဆင်နှစ်ကောင်မှာ စစ်ကောင်စီနဲ့ တွေ့မယ်လို့ ကြားတယ်” လို့ လားရှိုးဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

နောက်ထပ် လားရှိုးဒေသခံတစ်ဦးကလည်း လားရှိုးမြို့ ဆင်နှစ်ကောင်ဟိုတယ်မှာ စစ်ကောင်စီနဲ့ ကိုးကန့်တပ်အကြား တွေ့ဆုံဆွေးနွေးနေတာ မှန်ကန်ကြောင်း ရွှေဖီမြေကို အတည်ပြု ပြောဆိုပါတယ်။

လားရှိုးမြို့ကို ကိုးကန့်တပ်က စစ်ကောင်စီတပ်ထံ ပြန်လွှဲပြောင်းပြီးနောက် ဆင်နှစ်ကောင်ဟိုတယ်မှာ MNDAA နဲ့ စစ်ကောင်စီတပ်အကြား မကြာခဏ တွေ့ဆုံတာတွေရှိနေပေမယ့် ဆွေးနွေးမှု အသေးစိတ်ကို မသိရသေးပါဘူး။

ဆွေးနွေးပွဲမှာ စစ်ကောင်စီဘက်က ကိုးကန့်တပ် ထိန်းချုပ်ထားတဲ့ သိန္နီမြို့ကို ပြန်ပေးဖို့ ဆွေးနွေးနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး နှစ်ဖက်တပ်က တစုံတရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

တစ်ဖက်မှာလည်း လာမယ့်ရက်ပိုင်းအတွင်း သိန္နီမြို့ထဲကို စစ်ကောင်စီရဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေ ဝင်လာမယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် သိန္နီမြို့နယ်မှာ ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

တရုတ်နိုင်ငံရဲ့ ကြားဝင် စေ့စပ်မှုကြောင့် ကိုးကန့်တပ်မတော် (MNDAA) ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ပေါ်က နေရာတွေကို ပြီးခဲ့တဲ့ ဧပြီလထဲမှာ စစ်ကောင်စီထံ ပြန်လည် လွှဲပြောင်းပေးခဲ့ရတာ ဖြစ်ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။