ယာရူစိင်၊ မတ်လ ၃ ရက်၊ နမ္မတူ

ရှမ်းမြောက် နမ္မတူမြို့နယ်မှာ အမျိုးသားတစ်ဦး ပျောက်ဆုံးပြီး ၆ ရက်အကြာမှာတော့ သေဆုံးနေတဲ့ အလောင်းကိုသာ ပြန်လည်တွေ့ရှိခဲ့တယ်လို့ စုံစမ်းသိရပါတယ်။

အသက် ၇၅ နှစ်အရွယ် ဦးအောင်ဆွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၆ ရက်မှာ ပျောက်ဆုံးခဲ့တာဖြစ်ပြီး မတ်လ ၃ ရက် မနက် ၁၁ ခွဲအချိန်မှာတော့ နမ္မတူမြို့မှာရှိတဲ့ တောင်ယာ‌ဟောင်း ချောက်ကမ်းပါးမှာ အလောင်း တွေ့ရှိခဲ့တယ်လို့ ဦးအောင်ဆွေရဲ့ ညီမဖြစ်သူက ရွှေဖီမြေကို ပြောပါတယ်။

“သူက တောထဲဘဲ သွားတတ်တာ ဘယ်မှမသွားတတ်ဘူး မြို့ထဲလဲ သူမသွားတတ်ဘူး။ ဒီနေ့ မနက်ကျ ဦးလေးတစ်ယောက်က ပြောလာတာ ချောက်ကမ်းပါးထဲမှာ နင့်အကို ‌ပြုတ်ချပြီး သေနေတာတဲ့။ ကျမ‌တို့ သွားကြည့်တော့ ဟုတ်တယ် သူဆိုတာ သေချာတယ်ပေါ့နော်။ သူက ကျန်းမာရေးလဲ မကောင်းဘူး။ သူ့ရဲ့ ရုပ်အလောင်းမှာ ဘာဒဏ်ရာမှ ရထားတာမရှိဘူး ချော်လှဲပြီး ကျသွားတယ်လို့တော့ သုံးသပ်လို့ ရတယ်ပေါ့”

ဦးအောင်ဆွေဟာ အရင်တုန်းကလည်း မကြာခဏ နေအိမ်ကနေ ထွက်သွားပြီး ပျောက်ဆုံးခဲ့ဖူးတယ်လို့ မိသားစုဝင်တွေ ပြောပြချက်အရ သိရပါတယ်။

သေဆုံးသွားတဲ့ အမျိုးသားအလောင်းကို နမ္မတူမြို့ရှိ မေတ္တာရှင် လူမှုကူညီရေးအသင်းက သွားရောက်သယ်‌ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ နမ္မတူမြို့ကို တအာင်းတပ်က ထိန်းချုပ်ထားတာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်မှာ တအာင်းတပ်က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။