မိုင်းရူပ၊ ဇွန်လ ၆ ရက်၊ နောင်ချို

တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နောင်ချိုမြို့အနီးအထိ တိုက်ပွဲတွေ ရောက်လာတာကြောင့် မြို့အနီးရှိ ကျေးရွာ ၈ ရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

ဇွန်လ ၄ ရက်ကစပြီး နောင်ချိုမြို့နယ် ရွှေမုဌောကျေးရွာကနေ တအာင်းတပ် တည်ရှိတဲ့ ကံကြီးနဲ့ ရှောက်ခြုံကျေးရွာတွေထဲကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး မနေ့ ဇွန်လ ၅ ရက်မှာ ကံကြီးရွာအနီး တိုက်ပွဲပြင်းထန်နေတယ်လို့ ဆိုပါတယ်။

“စစ်ကောင်စီက ကံကြီးကိုရဖို့ကို ထိုးနေတာ။ အခု ကံကြီးရွာအပြင်မှာ ရောက်နေတယ်။ ရွာထဲအထိတော့ မရောက်သေးဘူး။ အဲအနီးက ဒေသခံတွေတော့ ပြေးကုန်ပြီ” လို့ ဆိုပါတယ်။

ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကျေးရွာတွေထဲမှာ ရွှေမုဌော​၊ ကံကြီး၊ နောင်လိတ်၊ နောင်တော၊ မက်မန်းတော၊ လက်ပန်ကုန်း၊ ညောင်ပင်သာနဲ့ သရက်ကုန်း စတဲ့ကျေးရွာက ဒေသခံတွေပဲ ဖြစ်ပါတယ်။

နောင်ချိုမြို့အတွင်းရှိ ဒေသခံတွေတချို့လည်း ထွက်ပြေးတိမ်းရှောင်နေတာတွေရှိနေပြီး အများစုဟာ ကျောက်မဲမြို့နယ်ဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ကာ နောင်ချိုမြို့အနီး ဒေသခံတွေအပါအဝင် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံ ထောင်နဲ့ချီ ရှိနိုင်ပါတယ်။

ဇွန်လ ၄ ရက် နေ့လယ်ပိုင်းမှာ စစ်တပ်ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် နောင်ချိုမြို့ စျေးရပ်ကွက်ရှိ အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

စစ်ကောင်စီ ထိုးစစ်ဆင်နေတဲ့ ကံကြီးကျေးရွာဟာ TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နဲ့ ၇ မိုင်ဝန်းကျင်လောက်သာ ကွာဝေးတော့တယ်လို့ သိရပါတယ်။

PSLF/TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကတော့ နောင်ချိုမြို့နယ်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် လူထုတွေအနေနဲ့ လုံခြုံရေး အထူးဂရုစိုက်ဖို့ လိုအပ်ကြောင်း မနေ့ ဇွန်လ ၅ ရက်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။