မိုင်းပန်ပျော်၊ ဧပြီ ၆ ရက်၊ လားရှိုး

ရှမ်းမြောက် လားရှိုးမြို့ကနေ ဆုက်ခွာတော့မယ့် ကိုးကန့်တပ်မတော်- MNDAA ဟာ ရပ်ကွက်တွေထဲက အိမ်ထောင်စုစာရင်းမိတ္တူတွေ အိမ်တိုင်း လိုက်ကောက်နေတာကြောင့် တပ်သားသစ် စုဆောင်းခံရမှာကို စိုးရိမ်နေတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

ဧပြီ ၄ ရက်ကစပြီးတော့ MNDAA ရဲ့ ရပ်ကွက်မှူးနဲ့ နယ်မြေမှူး ဦးဆောင်ကာ အိမ်ထောင်စုမိတ္တူ‌ ကောက်ခိုင်းပြီး ဘာကြောင့် ကောက်တယ်ဆိုတာကို ဒေသခံတွေက မရှင်းမလင်း ဖြစ်နေတဲ့အတွက် တပ်သားသစ် စုဆောင်းခံရမှာကို စိုးရိမ်နေတယ်လို့ လားရှိုးမြို့ ရပ်ကွက် ၁၀ မှာ နေထိုင်တဲ့ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“ကိုးကန့်က ရပ်ကွက်ထဲမှာ အိမ်ထောင်စုမိတ္တူ လာတောင်း‌တာ သူတို့ကိုယ်တိုင်တော့မဟုတ်ဘူး။ နယ်မြေမှူးတွေ ရပ်ကွက်မှူးတွေက လာတောင်းတာ။ မပေးမနေရတဲ့။ တချို့အိမ်ထောင်စုက ရွာမှာ အဲဒါလည်း မရဘူး။ ပြန်သွားယူခိုင်းတယ်။ သူတို့ဘာလုပ်ဖို့လဲမသိဘူး။ လားရှိုးကနေလည်း ဆုတ်တော့မယ်။ သူတို့ လားရှိုး‌မှာ နေမယ်ဆိုရင်တော့ တစ်မျိုးပေါ့နော်။ စိုးရိမ်ကတော့ ဒီရက်ပိုင်းက သူတို့တပ်သား စုဆောင်းတယ်လို့ ကြားထားတော့ အိမ်ထောင်စု ကောက်ပြီး စစ်မှုထမ်း ကောက်သွားမှာကို စိုးရိမ်တယ်”

လားရှိုးမြို့မှာ အိမ်ထောင်စုမိတ္တူတွေ ကောက်နေတာနဲ့ ပတ်သက်ပြီး ရွှေဖီမြေက လားရှိုးမြို့ ပြန်လည်ထူထောင်ရေးအဖွဲ့ထံ ဆက်သွယ်မေးမြန်းရာ ဒီကိစ္စနဲ့ပတ်သက်ပြီး မသိရှိရသေးဘူးလို့ ပြောပါတယ်။

လာမယ့် ဧပြီ ၂၁ ရက်‌မှာ MNDAA က လားရှိုးမြို့ကို စစ်ကောင်စီထံ လွှဲပြောင်းပေးသွားမယ်လို့ သတင်း ထွက်ပေါ်နေပြီး အုပ်ချုပ်ရေးကို ဘယ်လို ဆောင်ရွက်သွားမလဲဆိုတာကတော့ ဘယ်ဘက်ကမှ တရားဝင် ထုတ်ပြန်တာ မရှိသေးပါဘူး။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။