ဓာတ်ပုံ – CJ

ပို့လဘား၊ မတ်လ ၂၁ ရက်၊ လားရှိုး

ကိုးကန့်တပ်မတော် MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ မြန်မာ့ပြည်တွင်းရေးအပေါ် ဝင်ရောက်စွတ်ဖက်မှု လုပ်နေတဲ့ တရုတ်အစိုးရကို ဆန့်ကျင်ကြောင်း ပြောက်ကြားလှုပ်ရှားမှုသပိတ်တစ်ခု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ပြောက်ကြားလှုပ်ရှားမှုသပိတ်ကို မနေ့ မတ်လ ၂၀ ရက် ည ၉ နာရီမှာ ပြုလုပ်ခဲ့ကြတာလို့ အမည်မဖော်လိုတဲ့ လားရှိုးမြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“လာမဲ့ ၂၂ ရက်နေ့ကျရင် တရုတ်နဲ့ MNDAA တို့ ဆွေးနွေးပွဲရှိတယ်လို့ ကြားရတယ်။ ကျနော်တို့ရဲ့ လှုပ်ရှားမှုက လာမဲ့အစည်းအဝေးမှာ တခုခုပြောင်းလဲမှု ရှိစေရေးပေါ့နော်။ ပြောင်းလဲမှုဆိုတာကလည်း ပြည်သူလူ‌ထုတွေကို ငဲ့ညှာတဲ့ ဆုံးဖြတ်ချက်မျိုးပေါ့။ အဲဟာကျနော်တို့ မျှော်လင့်တယ်ဗျ။ ပြီးတော့ တရုတ်ရဲ့ ဝင်ရောက်စွတ်ဖက်မှုတွေကို စကစကို တော်လှန်နေတဲ့ တိုင်းရင်းသားညီအစ်ကိုတွေအချင်းချင်း သွေးခွဲပေးနေတာမျိုး ကျနော်တို့ မလိုလားဘူး”

ဘုံရန်သူဖြစ်တဲ့ စစ်ကောင်စီတပ်ကို အားလုံးက တော်လှန်တိုက်ခိုက်နေချိန်မှာ ကိုယ့်နိုင်ငံရဲ့ အချုပ်အခြာအာဏာတွေကို တခြားတိုင်းတစ်ပါးက ဝင်ရောက်စွတ်ဖက်နေတာကို မလိုလားတာကြောင့် အခုလို လှုပ်ရှားမှုတွေ လုပ်ရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

လှုပ်ရှားမှုတွေကို လွတ်လပ်ရေးပန်းခြံ၊ လေယာဉ်ကွင်း၊ ၆၂၆ တပ် နံရံရှေ့၊ ထွေအုပ်ရုံးရှေ့၊ အထက-၈ ကျောင်း၊ ရပ်ကွက် ၅ ၊ ဘုရားပွဲတော်တွေမှာ “ကြားဝင်စွတ်ဖက်မှုများ ချက်ချင်းရပ်” ဆိုတဲ့ စာသားတွေနဲ့အတူ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

လားရှိုးအပြင် တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူလူထုတွေကို ဒရုန်း၊ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်ကို တရုတ်က တိုက်ခိုက်ရေးပစ္စည်းတွေ ကူညီထောက်ပံ့ပေးနေတာကြောင့် တရုတ်ကို မလိုလားတာလို့ လှုပ်ရှားမှုမှာ ပါဝင်ခဲ့သူတွေက ပြောပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။