ဓာတ်ပုံ – Local

လွေးဇွန်မိုး၊ မတ်လ ၄ရက်၊ လားရှိုး

ကိုးကန့်တပ် MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့က ကျင်းပမယ့် တပေါင်းပွဲမှာ လောင်းကစားဝိုင်းတွေပါ ဖွင့်ဖို့ ခွင့်ပြုထားတယ်လို့ ဒေသခံတွေစီက ရွှေဖီမြေက စုံစမ်းသိရပါတယ်။

တပေါင်းပွဲကို လာမယ့် မတ်လ ၇ ရက်ကနေ ၁၃ ရက်အထိ ၇ ရက်ကြာ မန်ဆူဘုရားမှာ ကျင်းပသွားမှာဖြစ်ပြီး ဆိုင်ခန်းတွေကို ဒီနေ့ မတ်လ ၄ ရက်မှာ နေရာချပေးသွားမှာဖြစ်ပြီး လောင်းကစားဝိုင်းတွေကိုတော့ ၅ ရက်နေ့မှာ နေရာပေးသွားမယ်လို့ မြို့ခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

“ပွဲက ၅ ရက်နေ့ နေရာပေးတော့မှာ။ ၄ ရက်နေ့ ဆိုင်ခန်းပေးမှာ။ ၅ ရက်နေ့ လောင်းကစားဝိုင်းတွေကို နေရာချပေးမယ်တဲ့။ ဆိုင်ခန်းကတော့ လူလာသလောက်ပေးမယ်ထင်တယ်။ ကန့်သတ်ထားတာတော့မရှိဘူး”

အဆိုပါပွဲမှာ ခြောက်ကောင်ဂျင်၊ ညိုညို၊ ရှမ်းကိုးမီး၊ ပေါက်စီ၊ ဖဲဝိုင်းအစုံပါမှာဖြစ်ပြီး လောင်းကစားဝိုင်းတစ်ဝိုင်းစာကို တစ်ရက် ငွေ ၁ သိန်းကျပ် ပေးဆောင်ရမယ်လို့ အထက်ပါ အမျိုးသမီးတွေက ဆက်ပြောပါတယ်။

“ဆိုင်ခန်းက အခုတော့ မဆောက်ထားသေးဘူး။ ဒါပေမယ့် အကွက်နေရာတော့ ရှင်းထားပြီးပြီ။ မန်ဆူဘုရားရဲ့ မျက်နှာချင်းဆိုင်ဘုရားဝန်းထဲမှာ နေရာချမှာ”

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၈ ရက်ကလည်း တရုတ်နှစ်သစ်ကူးပွဲဆိုပြီး လားရှိုးမြို့ရပ်ကွက် ၁၂ နဲ့ လွတ်လပ်ရေးပန်းခြံမှာ ဖွင့်ထားတဲ့ လောင်းကစားဝိုင်းတွေကို တစ်လအကြာ ဖေဖော်ဝါရီလကုန်မှ ပိတ်ခဲ့တာလို့ ဆိုပါတယ်။

အလားတူ တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ ရပ်ကွက် ၄ ပန်းခြံထဲမှာလည်း တရုတ်နှစ်သစ်ကူးပွဲ မတိုင်ခင် ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၈ ရက်ကတည်းက လောင်းကစားဝိုင်းတွေ စဖွင့်ခဲ့ပြီး ဒီနေ့ မတ်လ ၃ ရက်အထိ ဆက်ဖွင့်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။