ဓာတ်ပုံ- SW

ယာရူစိင်၊ ဧပြီ ၁၈ ရက်၊ ကျောက်မဲ

မန္တလေးဘက် စစ်ဘေးရှောင်တဲ့ ရှမ်းမြောက် ကျောက်မဲမြို့က စစ်ရှောင် ဒေသခံတွေဟာ ငလျင်ဘေး ထပ်ကြုံရလို့ အကူအညီ လိုအပ်နေပါတယ်။

လက်ရှိ စစ်ရှောင်နေတဲ့ဒေသမှာ အိမ်ထောင်စုစာရင်းအရသာ ကူညီပေးနေလို့ စစ်ရှောင်တွေဟာ နယ်ခံ‌မဟုတ်လို့ အကူအညီ မရကြကြောင်း စစ်ရှောင်တွေကို ကူညီပေးနေတဲ့ စေတနာရှင်အဖွဲ့ဝင်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“ပိုက်ဆံနဲ့ဆန် တခြားပစ္စည်း လှူတာတွေဆိုရင် ဒေသခံ အိမ်ထောင်စုအရ လှူတော့ စစ်ဘေးရှောင်တွေ အကူအညီ မရပါဘူး။ ထမင်းထုပ် ဝေတာတွေတော့ ရပါတယ်။ ကူညီသူ မရှိသလောက် ဖြစ်နေတယ်။ သူတို့တွေဟာ ငလျင်ဒဏ်နဲ့ စစ်ပွဲဒဏ် ခံစားနေရတာပါ။ အလုပ်အကိုင်တွေ ရပ်နားထားကြတော့ အလုပ်မရှိကြ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေရတယ်”

အကူအညီ လိုအပ်နေတဲ့ ကျောက်မဲမြို့က စစ်ရှောင်တွေဟာ အိမ်ခြေ ၇၀ နီးပါးရှိတဲ့အပြင် တချို့ အဆက်အသွယ်မရတဲ့နေရာမှာ စာရင်း လာမပေးသေးတဲ့ ဒေသခံတွေ ရှိနေသေးတယ်လို့ ၎င်းက ဆက်ပြောပါတယ်။

ကျောက်မဲက စစ်ရှောင်တွေဟာ ပြည်ကြီးတံခွန်၊ ချမ်းမြသာစည်၊ စွယ်တော်ကားဝန်း၊ စက်မှု(၁) မြရည်နန္ဒာရပ်ကွက်၊ စိန်ပန်းရပ်ကွက်၊ ကျုံးအနောက်ဘက်၊ ထုံးဖိုရပ်၊ ၈၂ လမ်းဘုရားကြီးတိုက် ပေတောကျောင်းတိုက်၊ အောင်ပင်လယ် ကျောက်ဆည်မြို့၊ အောင်မြေသာစံအပြင် ရှမ်းတောင် အင်းလေးဒေသဘက်မှာ နေထိုင်ကြတာပါ။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။