ဇူလိုင် ၁၁၊ ကျောက်မဲ
ဒီနေ့ ဇူလိုင် ၁၁ရက် မနက် ၃နာရီခန့်က တအာင်းတပ် ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
လူတွေအိပ်မောကျနေချိန် လာရောက်ကြဲချခဲ့တာဖြစ်ပြီး အဲဒီကြဲချမှုကြောင့် ထိခိုက်ပျက်စီးမှုကိုတော့ မသိရသေးပါဘူး။
“ကြဲတာကတော့ ၃လုံး။ တစ်လုံးက ခရိုင်ရဲရုံးမှာ။ နောက်တစ်လုံးကတော့ မြို့ပြင်ဘက် ကောလိဟိုတည်မှာ။ နောက်တစ်လုံးကတော့ မသိသေးဘူး။ တော်တော်ကျယ်တယ်။ နောက်ဆုံးတစ်လုံးဆို မီးတောင်မြင်ရတယ်”လို့ ဆိုပါတယ်။
အဲဒီဗုံးကြဲမှုကြောင့် ကာလိဟိုတည်မှာ လာရောက်ခိုလှုံတဲ့ နောင်ချိုစစ်ရှောင် ၁ဦးသေဆုံးပြီး အနည်းဆုံး ၃ဦးဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
နောက်ထိခိုက်သေဆုံးမှုအသေးစိတ်ကိုတော့ ရွှေဖီမြေက ထပ်မံစုံစမ်းနေဆဲ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်က ဇူလိုင် ၂၄ကနေ ဒီနေ့ ဇူလိုင် ၁၁ထိ သီပေါ၊နောင်ချို၊ကျောက်မဲနဲ့မိုးကုတ်မြို့ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အနည်းဆုံး လူ ၁၄ဦး သေဆုံး ၄၀ထက်မနည်း သေဆုံးခဲ့ပြီဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။