ဒီဇင်ဘာ ၂၇၊ လားရှိုး
စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲမှာ ကျားဖြူပါတီကနေ မဲဆန္ဒနယ် အမှတ်(၆)ကနေ ဝင်ရောက်ယဉ်ပြိုင်မယ့် ဒေါ်ဝေဝေဦးဆိုသူဟာ လားရှိုးမြို့ခံ ဦးရေဒါဇင်ကျော်ကို အတိုးမတ်လုံးပေးပြီး ငွေသိန်းထောင်ချီ ချေးယူသွားပြီး အတိုးမပေးတဲ့အပြင် အရင်းပါပြန်မရကြဘဲ ဖြစ်နေတယ်လို့ ငွေချေးခံခဲ့ရသူတွေက ရွှေဖီမြေကို ပြောပါတယ်။
ဒါ့အပြင် သူများရဲ့မြေကွက်နဲ့ပိုင်ဆိုင်မှုတွေကို သူ့ပိုင်ဆိုင်တယ်ဆိုပြီး လိမ်လည်ပေါင်နှံထားကာ သတ်မှတ်ထားတဲ့ရက်ရောက်ပေမယ့် ငွေတွေပြန်မပေးဘူးလို့ ဆိုပါတယ်။
“ကျွန်မစီမှာ စာရင်းကတော့ ၁၀ကျာ်ရှိတယ်။ အလိမ်ခံထားရသူတွေပေါ့။ သိန်းထောင်ချီရှိတယ်။ မသိတာတွေလည်း အများကြီးရှိတယ်။ ရဲစခန်းသွားတော့လည်း ရဲအရေးပိုင်မဟုတ်ဘူးဆိုပြီး တရားရုံးဘက်ကို ကျွန်မတို့ကို ဦးတည်လျှောက်ခိုင်းပြန်ရော”လို့ ငွေချေးခံခဲ့ရသူတစ်ဦးက ပြောပါတယ်။
သူမ ချေးယူထားတဲ့ ငွေတွေကို ပြန်ဆပ်မယ်ဆိုပြီး ကတိအမျိုးမျိုးပေးလာခဲ့မယ့် ၁နှစ်ကြာလာတဲ့အထိ အကြွေးဆပ်လာတာမျိုးမရှိဘဲ သူမက ရပ်ကွက်ရှိ နယ်မြေမှူးတွေကနေတစ်ဆင့် အကူအညီတောင်းခံကာ အကြွေးပေးဖို့ စောင့်ဆိုင်းစေခဲ့တယ်လို့ ဆိုပါတယ်။
ငွေးချေးစဉ်က ကိုးကန့်တပ်(MNDAA) အုပ်ချုပ်စဉ်ကာလဖြစ်ပြီး ငွေချေးစဉ်က အသိသတ်သေအဖြစ် ဒေါ်ဝေဝေဦးခေါ်ဆောင်လာတဲ့ ရှေ့နေနဲ့နယ်မြေမှူးတွေကလည်း ဘာမှလုပ်ဆောင်ပေးနိုင်ခြင်း မရှိဘူးလို့လည်း ဆိုပါတယ်။
“သူကတော့ ရွေးကောက်ပွဲပြီးတဲ့အထိ ကျွန်မတို့ကို ဆွဲခေါ်သွားချင်တဲ့ သဘောမှာရှိနေတယ်။ မရှိမဲ့ရှိမဲ့ သူ့စီကိုပေးထားတာ။ အချိုက သိန်း ၈၀ အချို့က ၃၅သိန်း အချို့က သိန်း ၃၀။ အခုသူပြောတဲ့ အတိုးတိုင်းဆို အတိုးက အရင်းထက်တောင်များနေပြီ။ အခုက အရင်းတောင် ပြန်မပေးနိုင်ဘူး”လို့ နောက်တပ် အမျိုးသမီးက ပြောပါတယ်။
တရားရုံးဘက်ကို ဦးတည်လျှောက်ဖို့အတွက်လည်း ရှေ့နေ့ငှါးရမ်းခနဲ့ ငွေကြေးအကုန်အကျထပ်များတာကြောင့် သူမပေးသင့်တဲ့ ချေးငွေတွေကိုသာ ပေးဆောင်ဖို့ ငွေချေးခံခဲ့ရသူတွေက ရွှေဖီမြေကို ပြောပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။