ဓာတ်ပုံ- SPM

မိုင်းရူပ၊ ဧပြီ ၁၇ ရက်၊ လားရှိုး

ရှမ်းမြောက် လားရှိုးမြို့ကနေ ထွက်ခွာတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့ ကိုးကန့်တပ်မတော်- MNDAA ဟာ အုပ်ချုပ်ရေးအဖွဲ့တွေကို လာမယ့် ဧပြီ ၂၁ ရက်အထိသာ ရုံးတက်ဖို့ အသိပေးထားတယ်လို့ လားရှိုးပြန်လည်ထူထောင်ရေးမှာ ပါဝင်နေသူတချို့က ရွှေဖီမြေကို ပြောပါတယ်။

သင်္ကြန်ကာလအတွင်း လားရှိုးမြို့မှာ ရပ်ကွက်အုပ်ချုပ်ရေးရုံးတချို့ ပိတ်ထားပြီး ဌာနဆိုင်ရာရုံးမှာရှိတဲ့ ပစ္စည်းတွေကို ကိုးကန့်တပ်က ဆက်လက် သယ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

“၂၁ ရက်နေ့အထိ အလုပ် လုပ်သွားဖို့ လူကြီးက မှာထားပါတယ်။ ကိုးကန့်တပ်တော့ ပစ္စည်းအကုန်သယ်နေကြတာပဲ” လို့ ပါဝင်နေသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

လားရှိုး ပြန်လည်ထူထောင်ရေးမှာ ပါဝင်နေတဲ့ CDM ဝန်ထမ်းနဲ့ နိုင်ငံရေးအကျဥ်းသားတချို့ကတော့ မြို့တွင်းကနေ ထွက်ခွာကြပြီး မြို့လုံခြုံရေး လုပ်နေတဲ့ ကိုးကန့်တပ်ဖွဲ့ဝင်တချို့ကတော့ ဆက်ရှိနေတယ်လို့ သိရပါတယ်။

ဒါပေမဲ့ မနက်ဖြန် ဧပြီ ၁၈ ရက်မှာတော့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးအဖွဲ့တွေ ဝင်ရောက်လာမှာဖြစ်ပြီး ရောက်ရှိလာမယ့် အရေအတွက်ကိုတော့ မသိရသေးပါဘူး။

တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ စစ်ကောင်စီနဲ့ MNDAA အကြား အပစ်ရပ်ဖို့ သဘောတူခဲ့ပြီးနောက် ကိုးကန့်တပ်ဟာ ဧပြီ ၂၁ ရက်နောက်ဆုံးထားကာ လားရှိုးမြို့ကနေ ထွက်ခွာရမှာဖြစ်ပြီး စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရား ဝင်ရောက် လည်ပတ်မှာဖြစ်ကြောင်း သတင်းထွက်နေပါတယ်။

လားရှိုးအရေးနဲ့ ပတ်သက်ပြီး စစ်ကောင်စီနဲ့ ကိုးကန့်တပ်ဘက်က တရားဝင် ထုတ်ပြောတာ မရှိသေးပါဘူး။

စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ လားရှိုးမြို့ကို MNDAA နဲ့ နွေဦးတော်လှန်ရေးတပ်တွေက ပူးပေါင်းပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဩဂုတ် ၃ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာပဲ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။