မိုင်းရူပ၊ ဇန်နဝါရီ ၁၅ ရက်၊ လားရှိုး

ကိုးကန့်တပ်မတော်- MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ ပြန်ပေးဆွဲမှု ဖြစ်ပွားခဲ့ပြီး ပြန်ပေးဆွဲသူ ၃ ဦးကို ကိုးကန့်တပ်က ပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်မှာ လားရှိုးမြို့ ရပ်ကွက် ၁ နယ်မြေ ၉ မှာ အမျိုးသားတစ်ဦး ပြန်ပေးဆွဲခံရတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။

မနေ့ ဇန်နဝါရီ ၁၄ ရက် ည ၇ နာရီဝန်းကျင်မှာတော့ ပြန်ပေးဆွဲခံရတဲ့ အမျိုးသားကို ငွေနဲ့ ပြန်ရွေးခိုင်းချိန် ပြန်ပေးဆွဲသူ ၃ ဦးကို ကိုးကန့်တပ်ဘက်က လိုက်လံ ဖမ်းဆီးခဲ့ရာ လားရှိုးမြို့ပြင်မှာ ပစ်ခတ်ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဖြစ်စဉ်ကို သိရှိထားတဲ့ သတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“ပြန်ပေးဆွဲသွားပြီး မနေ့ လာရွေးခိုင်းပါတယ်။ ငွေ ဘယ်လောက်လဲတော့ မသိဘူး။ ကိုးကန့်တပ်တွေ စောင့်ဖမ်းချိန် ကားနဲ့ ပြေးတော့ နောက်ကနေ လိုက်တာ။ မြို့နေလူထု လန့်မှာ စိုးရိမ်တာရယ်။ မဆိုင်သူ ထိမှာစိုးလို့ မြို့ပြင်ရောက်မှ ပစ်ခတ်ဖမ်းဆီးလိုက်တာ”

ကိုးကန့်တပ်ဘက်က ပစ်ခတ်ဖမ်းဆီးခဲ့တဲ့ ပြန်ပေးဆွဲသူ အမျိုးသား ၃ ဦးဟာ သေဆုံးတာမရှိဘဲ လားရှိုး ဆေးရုံမှာ ပို့ဆောင်ထားတယ်လို့ လားရှိုးဒေသခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ပြန်ပေးဆွဲခံရတဲ့ အမျိုးသားလည်း လွတ်မြောက်လာပြီလို့ သူက ဆက်ပြောပါတယ်။

လားရှိုးမြို့ကို MNDAA က ထိန်းချုပ်ပြီးနောက် ဒီပြန်ပေးဆွဲမှုဟာ ပထမဆုံးအကြိမ် ဖြစ်ပွားခဲ့တာပါ။

လားရှိုးမြို့ကို ပြီးခဲ့တဲ့ ဩဂုတ် ၃ ရက်မှာ MNDAA နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ၎င်းတို့ရဲ့ အုပ်ချုပ်ရေးယန္တရား လည်ပတ်နေတဲ့မြို့လည်း ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။