ဓာတ်ပုံ – CJ

မြတ်နိုး၊ မေ ၁၀၊ ဗန်းမော်

ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ ဒီရက်ပိုင်းအတွင်း စစ်ကောင်စီ လေကြောင်းနဲ့ လာချပေးတဲ့ လက်နက်ခဲယမ်း အချို့ကို KIA ပူးပေါင်းတပ်ဖွဲ့ ဘက်က သိမ်းဆည်းရမိကြောင်း ရှေ့တန်း သတင်း ရင်းမြစ်တွေဆီက သိရပါတယ်။

“စစ်ကောင်စီတွေဆီက ကောက်ရတာ။ လေယာဉ်နဲ့ လာချပေးတဲ့ 60 MM သီးတွေ အများဆုံးကောက်ရတယ်” လို့ ရှေ့တန်း သတင်းအရင်းမြစ် တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီဘက်က လေကြောင်းနဲ့ ၁ရက်ကို ၆ကြိမ်ထက်မနည်း လက်နက်ပစ္စည်းတွေကို လေကြောင်းကနေ လာရောက်ချပေးနေတယ်လို့ ဆိုပါတယ်။

“စစ်ကောင်စီတွေက ကျုံးထဲမှာ ပိုက်တွေနဲ့ လျှပ်စစ်လှိုင်း ဓာတ်လိုက်အောင် လွှတ်ထားတော့ ဟိုတလောက ဘယ်လိုမှ ရှေ့မတိုးနိုင်ဘူး။ အခုက အဲဒါ ထုတ်လိုက်လို့ တိုက်ရတာ နည်းနည်းလွယ်သွား တယ်။ အဲဒါကြောင့် ဒီရက်ပိုင်း တိုက်ပွဲက ထိရောက်တယ်ပြောတယ်”လို့ ရှေ့တန်းနဲ့ နီးစပ် သူ တစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ စကခ – ၂၁တပ်ထဲမှာ ထိပ်တိုက် ဝင်တိုက်‌နေပြီဖြစ်ပြီး မြို့ထဲမှာတော့ အရပ်သားအများအပြားလည်း ကျန်ရှိနေတယ်လို့ ဆိုပါတယ်။

“ဗန်းမော် မြို့ထဲကနေ တိုက်ပွဲ စဖြစ်တဲ့ ၂၀၂၄ ဒီဇင်ဘာ ၄ ရက်နေ့ မနက်ပိုင်းမှာ ရှောင်တဲ့ ဒေသခံတွေက လွတ်တယ်။ နောက်ကျမှ ရှောင်တဲ့ လူတွေက ထွက်လို့ မရတော့ဘူး။ အဲဒါကြောင့် မြို့ထဲ အရပ်သားတွေ အများကြီး ကျန်နေတာ” လို့ ဒေသခံ တစ်ယောက်က ပြောပါတယ်။

ဗန်းမော်မြို့မှာ စစ်ကောင်စီတွေရဲ့ တပ်စခန်းတွေ ရာချီရှိနေတာဖြစ်ပြီး အဲဒီထဲက ခန့်မှန်းခြေ ၈၀ ရာခိုင်နှုန်းလောက် ရထားပြီလို့ ပြောနိုင်ပြီး တိုက်ပွဲ အတွင်း နှစ်ဖက် အကျအဆုံးများနေတယ်လို့ ဆိုပါတယ်။

ဗန်းမော်မြို့ရှိ စစ်ကောင်စီ တပ်စခန်းတွေကို ပြီးခဲ့တဲ့ ၂၀၂၄ ဒီဇင်ဘာလ ၄ ရက်နေ့ကစ KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေက စတင် ထိုးစစ်ဆင် တိုက်ခိုက် နေတာ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။