မြတ်နိုး၊ မေ ၂၀၊ ဗန်းမော်

ဗန်းမော်ဘက် အင်အားထပ်ဖြည့်ဖို့ လာတဲ့ ရဟတ်ယာဉ် ၃ စင်းထဲက ၂ စင်းကို ဒီနေ့ မေလ ၂၀ ရက်နေ့ နေ့ခင်းပိုင်းက KIA နဲ့ ပူးပေါင်းတပ်ဖွဲ့ ထိမှန်အောင် ပစ်ခတ်နိုင်ခဲ့တယ်လို့ ရှေ့တန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

“သုံးစင်းလာတဲ့ထဲက ၂ စီး ကိုထိတာ။ ရဟတ်ယာဉ် မဆင်းခင်လေးမှာ ထိသွားတာ။ တစ်စီးကတော့ ပန်ကာသံတောင်ပြောင်းသွားတယ်။” လို့ ရှေ့တန်းနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

အဲထိမှန်တဲ့ ၂စီးထဲက ၁စင်းဟာ ပျက်ကျသွားခဲ့တယ်လို့ ဆိုပါတယ်။

“တစ်စီးက ရွှေကူ ဘက်မှာ အရေးပေါ် ဆင်းသက်လိုက်ရတယ်လို့ ကြားသိရတယ်။ တစ်စီးကတော့ KIA တပ်မဟာ ၈၊ တပ်ရင်း ၆ နယ်မြေ တောဘက်ထဲ ကျသွားတယ်လို့ သိရတယ်။” လို့ နောက်ထပ် သတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။

အဲရဟတ်ယာဉ် ၂စင်း ထိမှန်အောင်ပစ်ခတ်နိုင်ခဲ့တာကိုလည်း KIAဘက်က အတည်ပြုပြောဆိုပါတယ်။

“ညနေ ၂ နာရီအချိန်မှာ ရဟတ်ယာဉ်သုံးစင်း ဆင်းသက်တယ်တဲ့။ သုံးစီးဆင်းသက်တဲ့အထဲက ကျွန်တော်တို့ တပ်ပေါင်းစုတွေ ဝိုင်းပစ်လို့ နှစ်စီးထိသွားတယ်။ နှစ်စီးထိသွားတဲ့အထဲက တစ်စီးကတော့ ရွှေကူမှာ ဆင်းသက်နိုင်တယ်လို့ ကြားရတယ်။​ နောက်တစ်စင်းကျတော့ ရွှေဘိုရောက်ဖို့ ၁၅ မိုင်လောက်ဝေးတဲ့နေရာမှာ ပျက်ကျထားတယ်လို့ ကနဦးသိထားရတယ်။ နောက်တစ်စီးကျတော့ မချိလန်ဖက်မှာ ဆင်းသက်သွားတယ်လို့ သိရတယ်”လို့ KIAရဲ့ သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှုးကြီး နော်ဘူက ပြောပါတယ်။

အဲ ရဟပ်ယာဉ် ၂စင်းကို တော်လှန်ရေးတပ်တွေဘက်က FN – 6 ပုခုံးထမ်း ဒုံးနဲ့ ပစ်ချနိုင်ခဲ့တာလို့ ပြောဆိုနေပေမယ့် အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။