ဓာတ်ပုံ – The Kokang

မိုင်းရူပ၊ နိုဝင်ဘာ ၁၄ ရက်၊ လားရှိုး

လားရှိုး–သီပေါ ပြည်ထောင်စုလမ်းမကြီးကနေ လာမယ့် နိုဝင်ဘာ ၂၀ ရက် နောက်ဆုံးထားပြီး တပ်ဆုတ်ပေးဖို့ စစ်ကောင်စီက ဖိအားပေးနေတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တချို့က ရွှေဖီမြေကို ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်က လားရှိုးမြို့ ဆင်နှစ်ကောင် ဟိုတယ်မှာ ကိုးကန့်တပ်နဲ့ စစ်ကောင်စီတပ် ကိုယ်စားလှယ်တွေ ထပ်တွေ့ခဲ့ပြီး စစ်ကောင်စီဘက်က ကိုးကန့်ဘက်အနေနဲ့ လားရှိုး–သီပေါ ပြည်ထောင်စုလမ်းမကြီးကနေ ဆုတ်ပေးဖို့ ပြောဆိုခဲ့ပြီး ကိုးကန့်တပ်က လက်မခံဘူးလို့ ဆိုပါတယ်။

“လားရှိုး–သီပေါလမ်း တစ်လျှောက်လုံး ၂၀ ရက်နေ့ ပြန်ဆုတ်ခိုင်းတာ။ ကိုးကန့်က လက်မခံဘူး။ သူတို့နယ်မြေဘယ်နေရာမှ မပေးနိုင်ဘူးတဲ့။ စကစက တရုတ်အားကိုးနဲ့ လုပ်နေတာ”

လက်ရှိမှာ လားရှိုးမြို့ပြင် ဟိုယရွာမှာ စစ်ကောင်စီနဲ့ MNDAA တို့ အကြား စစ်ရေးတင်းမာနေပြီး သီပေါတံတားမှာ စစ်ကောင်စီနဲ့ MNDAA တို့ ဖြတ်သန်းသွားလာခွင့်ကို အပြန်အလှန် ပိတ်ထားကြပြီး ခရီးသွားတချို့ လမ်းမှာ ပိတ်မိနေတဲ့ အခက်အခဲတွေ ဖြစ်ပေါ်နေပါတယ်။

စစ်ကောင်စီဟာ မန္တလေး–သီပေါ ပြည်ထောင်စုလမ်းမကြီးကို ထိန်းချုပ်ထားပေမယ့် သီပေါ–လားရှိုး ပြည်ထောင်စုလမ်းမကြီးကိုတော့ ကိုးကန့်တပ်ဘက်က ထိန်းချုပ်ထားတာ ဖြစ်ပြီး စစ်ကောင်စီက လားရှိုး–သီပေါ လမ်းမကြီးတစ်ခုလုံး ပြန်ထိန်းချုပ်လိုတဲ့ အခြေအနေဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကြောင့် ကိုးကန့်တပ်မတော်–MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ပေါ်က နေရာတွေကို ပြီးခဲ့တဲ့ ဧပြီလထဲမှာ စစ်ကောင်စီထံ ပြန်လည် လွှဲပြောင်းပေးခဲ့ရတာ ဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။