ဓာတ်ပုံ – Local

မိုင်းဖိူမ်းဆငဲ၊ အောက်တိုဘာ ၇ ရက်၊ ကျောက်မဲ

တအာင်းတပ် – PSLF/TNLA ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကျောက်မဲမြို့နယ် မိုင်းလုံမြို့အနီးရှိ မယ်ဟုန်ကျေးရွာထဲကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် ကလေးငယ်အပါအဝင် ဒေသခံ ၁၀ ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

ဒီနေ့ အောက်တိုဘာ ၇ ရက် နေ့လည် ၁၂ ခွဲခန့်မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ကျေးရွာထဲကို ပေါင် ၂၅၀ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

မြေပြင် သတင်းရင်းမြစ်တစ်ဦးက “နေ့လည် ၁၂ နာရီလောက်က လေကြောင်းကနေတိုက်ခိုက်တာ။ ပြည်သူ ၁၀ ယောက်သေ၊ ၃ ယောက် ဒဏ်ရာရတယ်”လို့ ပြောပါတယ်။

သေဆုံးသွားတဲ့ အထဲမှာ မိုင်းအိုက်ဦးခေါ် အသက် ၂ နှစ်အရွယ် ကလေးတစ်ယောက်လည်း ပါဝင်သလို ဒဏ်ရာရရှိသူတွေထဲ ကလေး ၂ ယောက်ပါသလို နေအိမ် ၆ လုံးလည်း ထိမှန်ပျက်စီးခဲ့ပါတယ်။

ဒီနေ့ အောက်တိုဘာ ၇ ရက် မနက်ပိုင်း ၇ နာရီမထိုးခင်မှာလည်း စစ်ကောင်စီတပ်က နမ္မတူမြို့က ပုဗ္ဗာရုံဘုန်းကြီးကျောင်းကို ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ တစ်ပတ်အတွင်း နမ္မတူ၊ နမ့်ဆန်၊ သီပေါ၊ ကျောက်မဲ စတဲ့ မြို့နယ်တွေမှာ ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်ခဲ့တာကြောင့် ၂၀ ဦးထက်မနည်း သေဆုံးခဲ့ပြီ ဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။