မိုင်းရူပ၊ သြဂုတ် ၁၉ ရက်၊ ကျောက်မဲ

စစ်တပ် ပြန်ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ် ဂုတ်ထိပ်ဘက်ကနေ ကျောက်မဲမြို့နယ် နောင်ပိန်ဘက် လက်နက်ကြီးနဲ့ အတွဲလိုက်ဒုံးတွေ ဆက်တိုက် ပစ်ခတ်နေပြီး စစ်တပ်ဘက်က မြေပြင်ထိုးစစ်ဆင်တာ မရှိသေးဘူးလို့ မြေပြင်မှာ ရှိနေသူတွေက ရွှေဖီမြေကို ပြောပါတယ်။

“မြေပြင်ထိုးစစ်က မရှိဘူး။ သတင်းအမှားတွေ တက်နေတာ။ လက်နက်ကြီးနဲ့ အတွဲလိုက်ဒုံးတွေ ပစ်နေတာတော့ ဒီနေ့က ခဏခဏပဲ။ နောင်ပိန်ဘက်ကို ပစ်နေတာ” လို့ မြေပြင်အခြေအနေ သိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်တပ်ဘက်က အထက်ရဲရွာ ရေအားလျှပ်စစ် စီမံကိန်းကနေ နောင်ပိန်ရွာဘက် ဦးတည်တဲ့စစ်ကြောင်း ထိုးလာတယ်ဆိုတဲ့သတင်း ထွက်ပေါ်နေတာပဲ ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း စစ်တပ်က ရှမ်းတောင် ရပ်စောက်မြို့နယ်ကနေ ရှမ်းမြောက်ဘက် စစ်အင်အား ဖြည့်တင်းနေပြီး ကျောက်မဲမြို့နယ်ဘက် ထိုးစစ် ဆင်လာနိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။

နောင်ပိန်ရွာမှာတော့ စစ်တပ်ရဲ့ လက်နက်ကြီးနဲ့ ဒရုန်း တိုက်ခိုက်မှုတွေကြောင့် ဒေသခံအများစုဟာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

မနေ့ ဩဂုတ် ၁၈ ရက် နေ့လယ်ပိုင်းကစပြီး နောင်ချိုမြို့က‌နေ နောင်ပိန်အနီးရှိ လုံကြိမ်နဲ့ ကျောင်းကုန်းရွာတွေကို စစ်တပ်က လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသားတစ်ဦး သေဆုံးပြီး ကိုရင်တစ်ပါး ထိမှန်ဒဏ်ရာ ရခဲ့ပါတယ်။

စစ်တပ်ဟာ နောင်ချိုမြို့ကို ပြန်ထိန်းချုပ်ပြီးနောက် ကျောက်မဲနဲ့ မိုးကုတ်ဘက် ဦးတည်တဲ့ စစ်ရေး ပြင်ဆင်မှု ပြုလုပ်လာပြီး နောင်ချို-မိုးကုတ်လမ်းပိုင်းပေါ်ရှိ ကျေးရွာတချို့ကို TNLA ဘက်က လက်လွှတ်ရတာတွေ ရှိခဲ့ပါတယ်။

လက်ရှိ စစ်ရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး အသေးစိတ်သိရဖို့ PSLF/TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကို ရွှေဖီမြေက ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။

မနက်ဖြန် သြဂုတ် ၂၀ ရက်မှာ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကြောင့် စစ်တပ် ကိုယ်စားလှယ်နဲ့ PSLF/TNLA တို့ အကြား တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆုံမယ်လို့ သတင်း ထွက်ပေါ်နေပေမဲ့ ရွှေဖီမြေက သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။