ဓာတ်ပုံ- CJ

မြတ်နိုး၊ မေလ ၂၇ ရက်၊ ဗန်းမော်

ဗန်းမော်မြို့ထဲက စစ်ကောင်စီတပ်ဖွဲ့ရဲ့ စနိုက်ပါသမားတွေ အခြေချထားတဲ့ နေရာတစ်ခုကို ဒီနေ့ မေလ ၂၇ ရက် မနက်ပိုင်းက KIA နဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်ရှင်းလင်းခဲ့ကြောင်း ရှေ့တန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

“အဲဒီ အဆောက်အဦးပေါ်ကနေပဲ ပတ်ပတ်လည် စနိုက်ပါ ချိန်ထားလို့ ကျနော်တို့ဘက်က လှုပ်ရှားရခက်တာ။ တစ်ယောက်လာရင် တစ်ယောက်ပစ်တယ်။ အဲဒါကြောင့် စကခ ၂၁ တိုက်ဖို့ အတော်ခက်ခဲနေတာ ဒီမနက်တော့ အကုန်ရှင်းလိုက်ပြီ” လို့ ရှေ့တန်းနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ဒီနေ့ မေလ ၂၇ ရက် မနက် ၄ နာရီခန့်ကစ ဗန်းမော် စကစတပ်ကိုလည်း တော်လှန်ရေးတပ်တွေက တစ်ကျော့ပြန် ထိုးစစ်ဆင်နေပြီလို့ သူက ပြောပါတယ်။

“ဒီတစ်နှစ်လုံး ကျနော်တို့ကို အနှောင့်အယှက် ပေးနေတဲ့ အမြင့်ဆုံးနေရာ ဟုတ်တယ်။ အဲဒီပေါ်ကနေ စစ်ကောင်စီတွေက စနိုင်ပါတွေ၊ ဒရုန်းတွေ၊ နည်းပညာနဲ့ ဆိုင်တာတွေ အဲဒီ အဆောက်အဦးပေါ်မှာထားပြီး ကျနော်တို့ကို ချနေတာ”

ဒီနေ့မနက်အစောပိုင်း မိုးမလင်းခင်ကတည်းက ဗန်းမော်မှာ တိုက်ပွဲ ပြန်လည် ပြင်းထန်နေပြီး စစ်ကောင်စီရဲ့ ဗုံးကြဲလေယာဉ်တွေ မြစ်ကြီးနားအပြင် တံတားဦးဘက်ကနေ တက်လာပြီး စစ်ကူပေးနေတယ်လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၀ ရက်က KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ စစ်ကောင်စီရဲ့ ရဟတ်ယာဉ်ကို ပစ်ချခဲ့ပြီးနောက် ဗန်းမော်မှာ တိုက်ပွဲ အနည်းငယ် ငြိမ်နေရာက အခုလို တစ်ကျော့ပြန် တိုက်ပွဲ ပြန်လည် ပြင်းထန်လာတာပဲ ဖြစ်ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။