ဓာတ်ပုံ- ABSDF

ရွှေဖီမြေ၊ ဧပြီ ၁၂ ရက်၊ ကလေး

စစ်ကိုင်းတိုင်း ကလေးမြို့နယ် ကြံသာရွာရှိ စစ်စခန်းကို ကျောင်းသားတပ်မတော်- ABSDF နဲ့ ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ABSDF က ဒီနေ့ ဧပြီ ၁၂ ရက် မနက်ပိုင်းမှာ ထုတ်ပြန်လာပါတယ်။

ABSDF ရဲ့ အမှတ် ၃ စစ်ကြောင်း တပ်ရင်း ၁၂ ရဲဘော်တွေနဲ့ KKG-CDF၊ ဟံသာဝတီ ပကဖ၊ CDF-SIYIN၊ ကလေးခရိုင် ခရိုင်စစ်ဒေသ ထန်တလန် DR အဖွဲ့တို့က မနေ့ ဧပြီ ၁၁ ရက်မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာပါ။

စခန်းသိမ်းတိုက်ပွဲကနေ သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်း အရေအတွက်နဲ့ အမျိုးအစားကိုတော့ အသေးစိတ် ရေးသားဖော်ပြထားခြင်း မရှိပါဘူး။

ABSDF ဟာ အပစ်အခတ် ရပ်စဲရေးစာချုပ်ကို ၂ဝ၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်မှာ ရေးထိုးခဲ့တဲ့အဖွဲ့ဖြစ်ပြီး စစ်အာဏာသိမ်းတဲ့ ၂ဝ၂၁ ကစပြီး စစ်တပ်ကို တော်လှန်တိုက်ခိုက်နေတဲ့အဖွဲ့ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။