ဓာတ်ပုံ – Local

ယာရူစိင်၊ မေလ ၈ ရက်၊ မူဆယ်

မြန်မာ-တရုတ်နယ်စပ် ရှမ်းမြောက် မူဆယ်မြို့ ဆင်ဖြူဂိတ်မှာရှိတဲ့ စစ်ကောင်စီတပ်က တရုတ်ဘက်ကနေ တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေကို သိမ်းဆည်းထားကာ ငွေ ကျပ်သိန်း ၅၀ နဲ့ ပြန်ရွေးခိုင်းတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

တရုတ်ကနေ မြန်မာဘက်ကို ကုန်ပစ္စည်း တင်သွင်းဖို့အတွက် အခွန်ဆောင်ထားပေမဲ့လည်း ဆင်ဖြူဂိတ်က ဂိတ်စောင့်တပ်သားတွေဟာ အခွန်ကြေးကို ထပ်မံ ကောက်ခံနေတယ်လို့ ပြောပါတယ်။

“ဘယ်လိုသိမ်းလဲဆိုတော့ ကားကို သူတို့ ရုံးဝန်းထဲ မောင်းသွားတယ်။ ပြီးရင် ပိုက်ဆံပေးမှ ကားနဲ့ ကုန်ပစ္စည်းတွေကို ပြန်ပေးတာပေါ့။ ဆိုင်ကယ်နဲ့ ပစ္စည်းတင်လာရင်လည်း သိမ်းချင်ရင် သိမ်းသွားတယ်။ ပြီးရင် ပိုက်ဆံတွေ အများကြီးနဲ့ ပြန်ရွေးခိုင်းတယ်။ ကုန်သယ်တွေအတွက် အဆင်မပြေဘူးပေါ့နော်။ သူတို့ သိမ်းပြီဆိုရင် ပိုက်ဆံပဲ ပေးလိုက်ပေါ့။ ချက်ချင်း ကားနဲ့ ကုန်ပစ္စည်းတွေကို ပြန်ပေးတယ်။ သူတို့အတွက် ပိုက်ဆံက ပိုအရေးကြီးတဲ့ ပုံစံပေါ့နော်”

ကုန်ပစ္စည်းတွေ ပြန်ရွေးဖို့အတွက် ငွေကို‌တော့ ပေး‌ဆောင်ချင်သလောက် ပေး‌ဆောင်ရတာ မဟုတ်ဘဲ ဆင်ဖြူဂိတ်မှာရှိတဲ့ ဂိတ်စောင့်တပ်သားတွေ တောင်းတဲ့‌ ငွေပမာဏအတိုင်း ပေးဆောင်ရတယ်လို့ အထက်ပါသတင်းအရင်းမြစ်က ဆက်ပြောပါတယ်။

ဆင်ဖြူဂိတ်မှာ ၅ ကီလိုထက်မပိုတဲ့ ကုန်ပစ္စည်းတွေကို သယ်ယူခွင့်ပြုထားပြီး ၎င်းတို့ သတ်မှတ်ထားတဲ့ ၅ ကီလိုကိုသာ သယ်ယူပေမဲ့လည်း ကုန်ပစ္စည်းတွေကို သိမ်းဆည်းထားပြီး ပစ္စည်းတစ်ထုပ်ကို ၃ သိန်းကျပ်နဲ့ ပြန်ရွေးခိုင်းခဲ့တဲ့ ဖြစ်စဉ်ဖြစ်ခဲ့ဖူးပါတယ်။

ပြီးခဲ့တဲ့ ‌၂၀၂၄ အောက်တိုဘာ ၂၂ ရက်မှာ မူဆယ်မြို့မှာရှိတဲ့ တရုတ်-မြန်မာ နယ်စပ်ဂိတ်ဖြစ်တဲ့ နန်းတော်ပေါက်နဲ့ ဆင်ဖြူပေါက်ဂိတ်တွေကို တရုတ်က ကုန်ပစ္စည်း တင်းတင်းကြပ်ကြပ်စစ်ဆေးပြီး သယ်ယူခွင့် ပိတ်ပင်ထားခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။