ဓာတ်ပုံ – CJ

မြတ်နိုး၊ ဖေဖော်ဝါရီ ၂၁ ရက်၊ ဗန်းမော်

ကချင်ပြည်နယ် ဗန်းမော် တိုက်ပွဲမှာ မနေ့ ဖေဖော်ဝါရီ ၂၀ ရက်က စစ်ကောင်စီတပ်ရဲ့ လက်နက်ခဲယမ်းတချို့နဲ့ သုံ့ပန်းတချို့ကို ဖမ်းဆီးရမိထားကြောင်း ရှေ့တန်းနဲ့ နီးစပ် သူတွေဆီက သိရပါတယ်။

“ဗန်းမော်မှာ စစ်ကောင်စီ အရှင်တွေရော အများကြီး ဖမ်းဆီးရထားတယ်။ စစ်ကောင်စီ အလောင်းတွေလည်း အတော် ပြန့်ကျဲနေတာလို့ သိထားရတယ်” ဆိုပြီး ရှေ့တန်းနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

စစ်တပ်က လေကြောင်းနဲ့ လာချတဲ့ ဒရုန်းအသစ်တွေကိုလည်း KIA နဲ့ ပူးပေါင်းတပ်ဖွဲ့ဘက်က ရရှိထားသလို စကခ ၂၁ ဘက်က ပျံတက်လာတဲ့ ဒရုန်း တစ်စီးပြီးတစ်စီး ပစ်ခတ်ခဲ့ရာ မနေ့မနက် ဒရုန်းတစ်စီး ပြန်ပစ်ချနိုင်ခဲ့ကာ ဂျမ်မာတစ်ခုကိုလည်း ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့တယ်လို့ သူက ပြောပါတယ်။

“ခလရ ၂၃၆ က လက်နက်ခဲယမ်းတချို့သိမ်းပိုက်ရရှိတယ်။ ခလရ ၂၃၆ ကနေဆုတ်ခွာလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို စကခ ၂၁ အစပ်မှာ ပိတ်ဆို့တိုက်ခိုက်တာမှာ စစ်ကောင်စီ ၇၀ လောက် လက်နက် ချကြတယ်” လို့ ရှေ့တန်း သတင်းရင်းမြစ်တစ်ဦးကလည်း ပြောပါတယ်။

ခလရ ၂၃၆ နဲ့ စကခ ၂၁ ကြားက လိပ်ပြာကုန်းဆိုတဲ့ ကာကင်းစခန်းကို ရှင်းလင်းရာမှာ ဆုတ်ခွာလာတဲ့ စစ်ကောင်စီ စကခ ၂၁ ထဲ မရောက်ခင် ပိတ်ဆို့မှုကြောင့် လက်နက် ချခဲ့တာဖြစ်ပြီး သုံ့ပန်းတွေထဲ အရာရှိတစ်ဦး ပါဝင်တယ်လို့ ဆိုပါတယ်။

ဗန်းမော် တိုက်ပွဲမှာ စစ်တပ်ဘက်ကလည်း ဒရုန်းနဲ့ လေကြောင်း အဓိက အသုံးပြုခုခံရာ နိုင်ငံတကာက အသုံးပြုမှု ပိတ်ပင်ထားတဲ့ Cluster bomb နဲ့ Thermobaric bomb ကိုပါ အသုံးပြုလာတာ တွေ့ရတယ်လို့ KIA နဲ့ ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူတွေက ပြောပေမဲ့ ရွှေဖီမြေက အတည်မပြုနိုင်ပါဘူး။

ဗန်းမော်မြို့က စစ်တပ်စခန်းတွေကို KIA နဲ့ ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၄ ရက်က စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။