မိုင်းရူပ၊ ဧပြီ ၂၆ ရက်၊ နောင်ချို

ရှမ်းမြောက် နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ် TNLA အကြား တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီဘက်က တစ်ရက်အတွင်း လက်နက်ကြီး ၁၀၀ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိနေသူတွေက ရွှေဖီမြေကို ပြောပါတယ်။

နောင်ချိုမြို့နယ် မဲပုတ်ကျေးရွာကနေ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ မနေ့ ဧပြီ ၂၅ ရက်မှာ နောင်လင်ရွာအထိ ရောက်လာပြီး ရွာအတွင်းက နေရာတချို့ကိုလည်း စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

“မနေ့ နောင်လင်မှာ တစ်ရက်တည်းကို စစ်ကောင်စီက ဗုံးအလုံး ၁၀၀ ကျော်တောင် ကြဲတာ။ ဒီနေ့လည်း တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်။ နောင်လင်အခြေအနေက စစ်ကောင်စီဘက်က စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းကို ပြန်ရပြီ။ ကျန်တဲ့နေရာတွေက TNLA ထိန်းချုပ်ထားတယ်” လို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိနေသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒါ့အပြင် ဧပြီလ ၂၄ ရက်မှာလည်း အုမ္မတီးကျေးရွာတိုက်ပွဲမှာ စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံး ၈ လုံး အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း TNLA က ထုတ်ပြန်ပြောဆိုထားပါတယ်။

ရှေ့တန်းမှာ ရှိနေတဲ့ နောက်ထပ်သတင်းအရင်းအမြစ်တစ်ဦးလည်း “အဆိပ်ငွေ့ဗုံးသုံးတာတော့ ဒီတပတ်လုံးလုံးကို သုံးနေတာ။ မရေမတွက်နိုင်အောင်ကို သုံးနေတာ။ အခု ၁ နာရီကျော်မှာပဲ တိုက်ပွဲဖြစ်တဲ့နေရာမှာ ဂျက်ဖိုက်တာတွေနဲ့ လာချသွားတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ၎င်းလက်လွတ်ထားရတဲ့ နောင်ချိုမြို့ကို ပြန်ထိန်းချုပ်နိုင်ဖို့ အုမ္မတီးကနေ ထိုးစစ်ဆင် တိုက်ခိုက်နေသလို တောင်းခမ်းကနေလည်း ထိုးစစ်ဆင် တိုက်ခိုက်နေပါတယ်။

တောင်းခမ်းကျေးရွာမှာ စစ်ကောင်စီရဲ့ အမြောက်တပ်စခန်းကွပ်ကဲမှုဌာနချုပ် ၉၀၂ တပ်အပါအဝင် အမြောက်တပ်စခန်းတွေ ဖြစ်တဲ့ ၃၅၄၊ ၂၀၆ နဲ့ ၄၀၆ တပ်တွေ အခြေချ တပ်စွဲထားတာဖြစ်ပါတယ်။

TNLA ပါဝင်တဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ဧပြီလတစ်လလုံး အပစ်ရပ်ကြောင်း ထုတ်ပြန်ထားသလို စစ်ကောင်စီတပ်ကလည်း ဧပြီလကုန်အထိ အပစ်ရပ်မယ်လို့ ကြေညာထားပေမယ့် လေကြောင်းနဲ့ တိုက်ခိုက်တာ ထိုးစစ်ဆင်တာတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။