ဓာတ်ပုံ – CJ

မိုင်းရူပ၊ ဖေဖော်ဝါရီ ၁၄ ရက်၊ နောင်ချို

တအာင်းတပ်မတော်- TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နောင်ချိုမြို့နဲ့ မိုင် ၂၀ ခန့် ကွာဝေးတဲ့ တောင်းခမ်းရွာမှာ စစ်ကောင်စီတပ်နဲ့ TNLA တို့အကြား ၆ လကျော်တဲ့အထိ တိုက်ပွဲ ဆက်ဖြစ်နေတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

“တိုက်ပွဲကတော့ နေ့တိုင်းလိုလိုဖြစ်တာ။ ဖြစ်လိုက် နားလိုက်ပေါ့။ စစ်ကောင်စီက ဒရုန်းနဲ့ လက်နက်ကြီးတွေ ပိုသုံးလာတယ်။ TNLA ဘက်က လက်နက်အချို့ သိမ်းဆည်းရမိတာ ရှိတယ်” လို့ ရှေ့တန်း သတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

လက်ရှိမှာ တောင်းခမ်းရှိ တပ်စခန်းအားလုံးကို စစ်တပ်က ပြန်လည် ထိန်းချုပ်ထားပြီး TNLA က စစ်တပ်စခန်းတွေကို ဝိုင်းရံပိတ်ဆို့ထားတဲ့ အခြေအနေလို့ ဆိုပါတယ်။

တောင်းခမ်းရွာမှာ စစ်ကောင်စီရဲ့ အမြှောက်တပ်စခန်း ကွပ်ကဲမှုဌာနချုပ် ၉၀၂၊ အမြှောက်တပ် ၃၅၄၊ ၂၀၆ နဲ့ ၄၀၆ တပ်တွေ အခြေချ တပ်စွဲထားပါတယ်။

ရှမ်းတောင် ရပ်စောက်မြို့နယ်ကနေ တောင်းခမ်းဘက် စစ်တပ်က စစ်ကူ ပို့ပေးနေတဲ့ လမ်းကြောင်း ရှိနေတာကြောင့် တောင်းခမ်းကို စစ်ကောင်စီတပ်က ဆက်လက် ထိန်းထားနိုင်တာလို့ မြေပြင်အခြေအနေ သိရှိသူတွေက ရွှေဖီမြေကို ပြောဆိုထားပါတယ်။

တောင်းခမ်းရွာမှာ ၂၀၂၄ ခုနှစ် သြဂုတ်လကစပြီး စစ်တပ်နဲ့ TNLA တို့ တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ရာ လက်ရှိမှာ တောင်းခမ်း တိုက်ပွဲဟာ ၆ လကျော်ကြာ ရှိနေပြီ ဖြစ်ပါတယ်။

စစ်တပ်ဘက်က တောင်းခမ်းတိုက်ပွဲနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မရှိသေးသလို TNLA ကလည်း ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလနောက်ပိုင်း တိုက်ပွဲသတင်းတွေ ထုတ်ပြန်ထားတာ မတွေ့ရတော့ပါဘူး။

စစ်ကောင်စီကို ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ တောင်းခမ်းတိုက်ပွဲမှာ စစ်ကောင်စီရဲ့ ဒရုန်းတိုက်ခိုက်မှု ရုပ်သံတွေ မကြာခဏ ဖော်ပြနေတာ တွေ့ရပါတယ်။

နောင်ချိုမြို့ကို TNLA က ပြီးခဲ့တဲ့ ၂ဝ၂၄ ဇူလိုင် ၁၀ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ပြီး ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။