ဓာတ်ပုံ – TNLA

ပို့လဘား၊ ဖေဖော်ဝါရီ ၂၁ ရက်၊ နောင်ချို

ရှမ်းမြောက် နောင်ချိုမြို့မှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံး ထပ်မံ ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီးကျောင်း‌ဆောင် မီးလောင်ပျက်စီးခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီနေ့ ဖေဖော်ဝါရီ ၂၁ ရက် မနက် ၁ဝ နာရီခွဲမှာ နောင်ချိုမြို့နယ် အုမ္မသီးရွာကို စစ်တပ်က ဒရုန်းနဲ့ ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။

“ဒရုန်းက တစ်ခါ လာတာနဲ့ ဗုံး ၃ လုံး ၄ လုံးလာချတာ။ ဘုန်းကြီးကျောင်းလည်း မီးလောင်သွားတာပေါ့။ လူထိခိုက်တာတော့ မရှိဘူး။ သူတို့ တစ်ခါနှစ်ခါ ဒရုန်းနဲ့ လာလာချနေတာ ဖြစ်တယ်”

အလားတူ နောင်ချိုမြို့နယ် ဘန့်ဘွေးရွာကနေ ဆမ္မဆယ်ရွာဘက်ကိုလည်း စစ်တပ်က လက်နက်ကြီး ပစ်ခတ်လို့ နေအိမ် ၃ လုံး ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံ ကူမင်းမြို့က ဆွေးနွေးပွဲအပြီး စစ်တပ်က တအာင်းတပ်မတော်- TNLA ထိန်းချုပ်ထားတဲ့ ‌ဒေသတွေကို နေ့စဉ်လိုလို ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေပါတယ်။

မနေ့ ဖေဖော်ဝါရီ ၂၀ ရက် ည ၉ နာရီခွဲမှာလည်း နောင်ချိုမြို့နယ် လောက်ဖန်းရွာကို ‌ဂျက်ဖိုက်တာနဲ့ ‌ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အဖွားအို ၁ ဦး သေဆုံးပြီး ကလေးတစ်ယောက်အပါအဝင် ၄ ဦး ဒဏ်ရာ ရရှိခဲ့သလို ၁၈ ရက်တုန်းကလည်း နောင်ချိုမြို့ပေါ်က ဆေးရုံနဲ့ ရဲစခန်းကို ဗုံးကြဲချခဲ့လို့ ၃ ဦး သေဆုံးခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။