ဓာတ်ပုံ – TNLA

ရွှေဖီမြေ၊ ဇန်နဝါရီ ၃၀ ရက်၊ မူဆယ်

ရှမ်းမြောက် မူဆယ်မြို့နယ် နမ့်ဟွယ်ကျေးရွာက အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ပြတ်ထွက်သွားခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

ဖြစ်စဥ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက် မနက် ၈ နာရီဝန်းကျင်မှာ ကြံခင်းသို့ သွားနေချိန် စစ်တပ်ရဲ့ လက်ကျန် မြေမြှုပ်မိုင်းကို နင်းမိခဲ့တာလို့ ဆိုပါတယ်။

မိုင်းနင်းမိတဲ့ အမျိုးသားဟာ အသက် ၃၀ နှစ်အရွယ် ဦးဟိန်းဇော်ဌေးဆိုသူဖြစ်ပြီး ၎င်းရဲ့ ဘယ်ခြေထောက် ပြတ်ထွက်ပြီး ခန္ဓာကိုယ်နဲ့ လက်နှစ်ဖက်စလုံး ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်ကလည်း မူဆယ်မြို့နယ် ပန်လုံကျေးရွာက ဦးနောင်ဆိုင်ဆိုသူလည်း ရွာအနီးတဝိုက်က တောမှာ ထင်းသွားခွေရင်း မိုင်းနင်းမိခဲ့ပါတယ်။

ဇန်နဝါရီ ၂၂ ရက်မှာလည်း သီပေါမြို့နယ် မန်ကောင်းရွာမှာရှိတဲ့ အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး လက်ချောင်း ပြတ်ခဲ့ပါတယ်။

ရှမ်းမြောက်က နေရာအများစုမှာ တိုက်ပွဲ ဖြစ်ပွားတာ မရှိတော့ပေမဲ့ တိုက်ပွဲအတွင်းက လက်ကျန် မိုင်းကြောင့် ဒေသခံတွေ မကြာခဏ မိုင်း နင်းမိနေပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။