ဓာတ်ပုံ – Local

ပို့လဘား၊ ဖေဖော်ဝါရီ ၄ ရက်၊ မူဆယ်

ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ မူဆယ်မြို့မှာ အမျိုးသားတစ်ဦး ရေနွေးတည်ချိုးရာကနေ ဓာတ်လိုက်ပြီး သေဆုံးသွားခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

မနေ့ ဖေဖော်ဝါရီ ၃ ရက် မနက် ၇ နာရီဝန်းကျင်မှာ မူဆယ်မြို့ စက်မှုဇုန်မှာ နေထိုင်တဲ့ အမျိုးသားတစ်ဦး ရေချိုးရာကနေ ဓာတ်လိုက်ပြီး သေဆုံးခဲ့တာလို့ မေတ္တာပန်းခင်း ပရဟိတအသင်းတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“သူက ရေချိုးပြီး အလုပ်သွားလုပ်မှာပေါ့။ ရေပူလျှပ်စစ် မီးပူကွေးနဲ့ ရေသယ်ပြီး ချိုးနေတာ။ ဘယ်ကနေ ဘယ်လိုဖြစ်သွားလဲတော့ မသိဘူး။ သူ့လက်က ရေကိုင်လို့ ဓာတ်လိုက်သွားတာလား ကြိုးကိုင်လို့ ဓာတ်လိုက် သေသွားတာလား ကျနော်တို့လည်း မသိရဘူး ကလေးဆိုတော့လေ”

ဓာတ်လိုက်ပြီး သေဆုံးသွားတဲ့ အမျိုးသားဟာ အသက် ၁၇ နှစ်အရွယ်ရှိတဲ့ စိုင်းအောင်မိန်းဖြစ်တယ်လို့ ဆိုပါတယ်။

မူဆယ်မြို့မှာ အခုလို ဓာတ်လိုက်သေဆုံးတာ မကြာခဏ ကြုံနေရတာကြောင့် တရုတ်ကနေ တင်သွင်းတဲ့ ရေပူလျှပ်စစ် မီးပူကွေးတွေ မသုံးကြဖို့ အဆိုပါအမျိုးသားက တိုက်တွန်းထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။