ဓာတ်ပုံ – Local

မိုင်းရူပ၊ ဧပြီ ၂၈ ရက်၊ လားရှိုး

စစ်ကောင်စီတပ် ပြန်အုပ်ချုပ်နေတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ လုယက်မှု ၂ ခုထပ်မံဖြစ်ပွားခဲ့ပြီး ၂ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

ဒီနေ့ ဧပြီ ၁၄ ရက် မနက် ၄ နာရီမှာ အမျိုးသားတစ်ဦးဟာ ၎င်းရဲ့ ဇနီးဖြစ်သူကို လားရှိုးစျေးသို့ ပို့ဆောင်ပြီး ပြန်လာစဥ်ရပ်ကွက်-၅ အနီးရှိ ပန်အုပ်ကျောင်းမှာ လူအုပ်တစ်စုရဲ့ ဝိုင်းရိုက်တာခံပြီး ဆိုင်ကယ်ကို လုယက်သွားခဲ့ပါတယ်။

“မနက်မှာ ဈေးသွားခင်းဖို့ သူ့ယောကျ်ားက သူ့မိန်းမကိုဈေးခင်းသွားပို့ပြီးအပြန်လူ(၅)ယောက်က ဝိုင်းရိုက်တာ။ ဆိုင်ကယ်လုသွားတယ်” လို့ လုယက်ခံရသူနဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒါ့အပြင် ဒီနေ့မနက်အစောပိုင်း မနက် ၄ နာရီမှာ လားရှိုးစျေးမှာ ကြက်သားတင်သွားတဲ့ အမျိုးသမီးတစ်ဦးက လားရှိုးမြို့ ရပ်ကွက်-၂ မှာ လူတစ်စုရဲ့ ဓားခုတ်တာခံရပြီး ၎င်းတင်လာတဲ့ ကြက်သားတွေကို လုယူသွားတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

လက်ရှိ လားရှိုးမှာ စစ်ကောင်စီတပ်ဘက်က အုပ်ချုပ်ရေးယန္တရားတွေ မလည်ပတ်နိုင်သေးဘဲ ၎င်းတို့တပ်စွဲမယ့် နေရာတွေကိုသာ ပြင်ဆင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၆ ရက် ည ၇ နာရီ ဝန်းကျင်မှာ လားရှိုးမြို့ ရပ်ကွက် ၉၊ နယ်မြေ ၁၊ လမ်းသွယ် ၁၀ မှာ နေထိုင်တဲ့ ဦးမောင်ဆိုတဲ့ နေအိမ်ထဲကို ဓားပြတစ်စုကဝင်ပြီး ၎င်းအမျိုးသားရဲ့ ဦးခေါင်းနဲ့လက်ကို ဓားနဲ့ခုတ်ခဲ့လို့ သေဆုံးသွားခဲ့ပါတယ်။

လားရှိုးကို စစ်ကောင်စီတပ်က ဝင်ရောက်ပြီးနောက် ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်ကနေ ဒီနေ့ ဧပြီ ၂၈ ရက်အထိ ဓားပြတိုက်မှု၊ ဓားခုတ်မှု၊ လူယှက်မှု ၈ ကြိမ်အထိ ဖြစ်ပွားခဲ့ပါတယ်။

တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ စစ်ကောင်စီနဲ့ MNDAA အကြား အပစ်ရပ်ဖို့ သဘောတူခဲ့ပြီးနောက်ကိုးကန့်တပ်ဟာ လားရှိုးမြို့ကနေ ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက် ထွက်ခွာခဲ့ရပြီး စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရား ဝင်ရောက်လည်ပတ်မှာ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ လားရှိုးမြို့ကို MNDAA နဲ့ နွေဦးတော်လှန်ရေးတပ်တွေက ပူးပေါင်းပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် သြဂုတ် ၃ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ထားပြီး ၈ လကျော်အကြာမှာ စစ်ကောင်စီကို ပြန်လည်လွှဲပြောင်းပေးခဲ့ရတာ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။