ဓာတ်ပုံ – Local

ယာရူစိင်၊ မေလ ၅ ရက်၊ လားရှိုး

ရှမ်းမြောက် လားရှိုးမြို့သိမ်း တိုက်ပွဲအတွင်း သေဆုံးသွားခဲ့တဲ့ လူတွေအတွက် ရည်စူးပြီး မန်ဆူကျောင်းဆရာတော်ကိုယ်တိုင် ဦးဆောင်ကာ စစ်ကောင်စီတပ်တို့ပူးပေါင်းပြီး ရပ်ကွက်အချို့ထဲ ပရိတ်ရွတ်ပေးခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မနေ့ မေလ ၄ ရက် ညနေ ၄ နာရီအချိန်မှာ မန်ဆူကျောင်းဆရာတော်ကိုယ်တိုင် ဦးဆောင်ပြီး မြို့ပေါ်ရပ်ကွက်‌တွေမှာ အန္တရာယ်ကင်း ပရိတ်‌လိုက်ရွတ်ပေးခဲ့တာဖြစ်တယ်လို့ လားရှိုးမြို့ခံ တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“ဗုဒ္ဓဘာသာအရပြောရမယ်ဆိုရင် စစ်ဖြစ်နေတုန်းက လူသေအလောင်းတွေ တအားများတယ်လေနော်။ ပြည်သူတွေ သေတာလဲ ရှိတယ်။ စစ်တပ်ဘက်ကလဲ သေတာလဲရှိသလို လက်နက်‌ကိုင်တော်လှန်ရေးတပ်သားတွေ သေတာလဲရှိတယ်လေ။ ရပ်ကွက်ထဲက လမ်းကြားတွေမှာ ပရိတ်ပဌာန်းရွတ်ပေးပြီးတော့ ကုသိုလ်ကောင်းမှုတစ်ခု လုပ်နေတဲ့ပုံစံပေါ့”

အခုလို ပရိတ်ပဌာန်းရွတ်ပေးတာက လာရှိုးမြို့ရှိ လူထုတွေရဲ့ ထောက်ခံအားပေးမှုကို လိုချင်တာဖြစ်တယ်လို့ နောက်ထပ် လားရှိုးမြို့ခံ တစ်ဦးက ပြောပါတယ်။

“ရပ်ကွက်တွေမှာ လူသေထားတာများတယ်လေ။ မကျွတ်သေးပဲ ခြောက်နေသေးတာတွေ ရှိသေးတယ်။ တကယ်တော့ ကိုးကန့်ထိန်းချုပ်ကတည်းက ရပ်ကွက်တွေ တော်တော်များများမှာ ပရိတ်ရွတ် တရားနာတာတွေ လုပ်ခဲ့ပြီးပြီ။ အခုလည်း ထပ်လုပ်တယ်ပေါ့။ အကုန်တော့ မလုပ်ဘူး သူတို့လုပ်ချင်တဲ့ရပ်ကွက်တွေပဲ လိုက်လုပ်သွားတာ”လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်က လားရှိုးမြို့ပေါ်ကို စစ်ကောင်စီတပ် ဝင်ရောက်လာပြီးတဲ့နောက် လက်ရှိအချိန်ထိ မြို့ပေါ်ရှိ ပြည်သူ့ဆေးရုံကြီးအပါအဝင် အုပ်ချုပ်ရေးယန္တရား​အချို့ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်းကို ဒေသခံတွေ ပြောပြချက်အရ သိရပါတယ်။

လားရှိုးမြို့ကို တရုတ်နိုင်ငံရဲ့ ဝင်ရောက်အကူအညီပေးမှုနဲ့အတူ စစ်ကောင်စီတပ်က ပြန်လည်အုပ်ချုပ်ခွင့် ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။