မိုင်းရူပ၊ စက်တင်ဘာ ၃၀ ရက်၊ လားရှိုး

စစ်ကောင်စီတပ်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ မဲဆန္ဒရှင် မဲစာရင်း လာကြည့်ဖို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က လော်စပီကာနဲ့ မြို့တွင်း လိုက်လံဆော်ဩနေတယ်လို့ လားရှိုးမြို့ခံတွေက ပြောပါတယ်။

စစ်ကောင်စီဦးဆောင် ကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲပေးနိုင်တဲ့ မဲဆန္ဒရှင်စာရင်းတွေကို ရပ်ကွက်ရုံးတွေမှာ ကပ်ထားပြီး မပျက်မကွက် လာကြည့်ဖို့ လော်စပီကာနဲ့ လိုက်လံ သတိပေးနေတယ်လို့ ဆိုပါတယ်။

“လားရှိုးတစ်မြို့လုံး ပတ်အော်နေတာ၊ လော်စပီကာနဲ့လေ။ မဲစာရင်းတွေကို ရပ်ကွက်ရုံးတွေမှာ ကပ်ထားမယ်ပေါ့။ ဘယ်သူမှလည်း စိတ်မဝင်စားဘူး” လို့ လားရှိုးမြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

လားရှိုးမြို့မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီထဲမှာ စစ်တပ်ရဲ့ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ- USDP၊ ရှမ်းနှင့် တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ- SNDP နဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ- PPP စတဲ့ ပါတီတွေပါဝင်တယ်လို့ သိရပါတယ်။

ဒါပေမယ့် ပါတီတချို့မှာ လက်ရှိအချိန်အထိ ဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေ မရသေးဘဲ ဆက်လက် ရှာဖွေနေကြောင်း နောက်ထပ် လားရှိုး ဒေသခံ တစ်ဦးက ဆိုပါတယ်။

စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲ အပိုင်း-၁ မှာ မဲဆန္ဒရှင်တွေရဲ့ စာရင်းကို ဒီနေ့ စက်တင်ဘာ ၃၀ ရက် ကနေ အောက်တိုဘာ ၁၄ ရက်အထိ သက်ဆိုင်ရာ ရပ်ကွက်တွေမှာ ကပ်ထားမယ်လို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ် ဦးဆောင်ကျင်းပမယ့် ရွေးကောက်ပွဲ ပထမအပိုင်းကို လာမယ့် ဒီဇင်ဘာ ၂၈ ရက်မှာ မြို့နယ်ပေါင်း ၁၀၂ မြို့မှာ စတင်ပြုလုပ်မှာ​​ဖြစ်ပြီး အပိုင်း ၃ ပိုင်းနဲ့ ကျင်းပသွားမယ်လို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။

ရှမ်းမြောက် မူဆယ်၊ နောင်ချိုနဲ့ လားရှိုးမြို့တွေကို ရွေးကောက်ပွဲ ပထမအပိုင်း ကျင်းပမယ့် နယ်မြေတွေထဲ စစ်ကောင်စီက ထည့်သွင်းထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ- NUG အပါအဝင် တော်လှန်ရေးအင်အားစုတွေကတော့ စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲကို အသိအမှတ် မပြုကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။