ဓာတ်ပုံ – CJ

မိုင်းရူပ၊ နိုဝင်ဘာ ၅ ရက်၊ လားရှိုး

ရှမ်းမြောက် လားရှိုးမြို့မှာ စစ်ကောင်စီရဲ့ ယာဉ်ထိန်းရဲတွေက ယာဉ်မောင်းလိုင်စင်၊ ကားနံပါတ်ပြားတွေ ရှောင်တခင်စစ်ဆေးနေပြီး ငွေသိန်းချီတောင်းကာ ပြန်လွှတ်ပေးနေတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

လားရှိုး–နမ္မတူမြို့အထွက် နမ္မတူမီးပွိုင့်နဲ့ လားရှိုးကြီးမီးပွိုင့်မှာ ဖြတ်သန်းသွားလာတဲ့ ကားတွေကို စစ်ကောင်စီရဲ့ ယာဉ်ထိန်းရဲတွေက ရှောင်တခင်စစ်ဆေးတာတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။

ဒီနေ့ နိုဝင်ဘာ ၄ ရက်မှာလည်း လားရှိုးကြီးမီးပွိုင့်မှာ ဖြတ်သန်းသွားလာတဲ့ ကားတွေကို ယာဉ်ထိန်းရဲတွေက ယာဉ်မောင်းလိုင်စင်၊ ကားနံပါတ်ပြားတွေကို စစ်ဆေးနေတယ်လို့ လားရှိုးဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“အခုက လားရှိုးကြီးမီးပွိုင့်မှာ ဖမ်းနေတာ။ ဒီကောင်တွေက မထင်ရင် မထင်သလို ကောက်ဖမ်းတာ။ ယာဉ်မောင်းလိုင်စင်တွေ ကောက်တောင်းပြီး ၅ သောင်း၊ ၁ သိန်း၊ ၃ သိန်း ကောက်တောင်းတာ။ ကျနော် သူငယ်ချင်းတွေဆို ၃ သိန်းပေးရတယ်” လို့ ဆိုပါတယ်။

လားရှိုးမြို့ကို စစ်ကောင်စီ စတင်ထိန်းချုပ်ချိန် လိုင်စင်မဲ့ကားတွေကို ဖမ်းဆီးတာ မရှိပေမယ့် ဒီနောက်ပိုင်းမှာ ဖမ်းဆီးစစ်ဆေးတာတွေ ပြုလုပ်လာတာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကြောင့် MNDAA နဲ့ စစ်ကောင်စီတို့အကြား အပစ်ရပ်ခဲ့ပြီး ကိုးကန့်တပ်မတော်–MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ပေါ်က နေရာတွေကို ပြီးခဲ့တဲ့ ဧပြီလထဲမှာ စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းပေးခဲ့ရတာ ဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။