မိုင်းရူပ၊ စက်တင်ဘာ ၁၉ ရက်၊ ကျောက်မဲ

တအာင်းတပ်ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို ဦးတည်ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ စစ်ကောင်စီနဲ့ တအာင်းတပ်မတော် – TNLA အကြား တိုက်ပွဲဆက်လက် ပြင်းထန်နေတယ်လို့ ရှေ့တန်း စစ်မြေပြင်မှာ ရှိနေသူ တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“အခု စစ်ကောင်စီဘက်က ကောင်းမူလွယ်ရွာဘက်ကို ပြန်ထိုးနေတာ။ ကောင်မူလွယ်က ပင်တိန်နဲ့ ခိုက်တုန်းဟုန်းရွာကြား လမ်းမကြီးအပေါ်ဘက်မှာ ရှိတယ်။ အပြန်အလှန် ထိုးစစ်ဆင်တိုက်ခိုက်နေတာ။ တိုက်ပွဲက ဆက် ပြင်းထန်နေတယ်” လို့ ဆိုပါတယ်။

လက်ရှိအခြေအနေအရ စစ်ကောင်စီဘက်က ကျောက်မဲမြို့ဘက်ကို ထိုးစစ်ဆင်မှုထက် ဂုတ်တွင်း–နောင်ပိန် လမ်းပိုင်းကို အရင်ထိန်းချုပ်ဖို့ ကြိုးစားနေပြီး အဲဒီလမ်းပိုင်းက ကျေးရွာတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

လက်ရှိအချိန်အထိ စစ်ကောင်စီထိုးစစ်ကို တအာင်းတပ်ဘက်က ခုခံနေဆဲ ဖြစ်ပေမယ့် ဂုတ်တွင်း–နောင်ပိန် လမ်းကြောင်းကို စစ်ကောင်စီထိန်းချုပ်နိုင်ခဲ့ရင် ၎င်းတို့အတွက် စစ်အင်အားနဲ့ လက်နက်ခဲယမ်းတွေ လွယ်လွယ်ကူကူ ပို့ဆောင်နိုင်မယ့်အခြေအနေ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ကြောင့် ကျောက်မဲမြို့နယ်ထဲ စစ်ကောင်စီနဲ့ TNLA အကြား တိုက်ပွဲ ပြင်းထန်နေတာ တစ်လနီးပါး ရှိလာပြီ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ ကျောက်မဲနဲ့ သီပေါမြို့နယ်ကို ရွေးကောက်ပွဲ ကျင်းပမည့် နယ်မြေထဲ ထည့်သွင်းထားပြီး ရွေးကောက်ပွဲမတိုင်ခင် အဲဒီမြို့နယ် ၂ ခုကို ထိန်းချုပ်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

ဒါ့အပြင် နောင်ချို–မိုးကုတ် လမ်းပိုင်းမှာလည်း TNLA တပ်ကို စစ်ကောင်စီဘက်က ထိုးစစ်ဆင်နေမှုတွေ ပြုလုပ်နေပြီး တိုက်ပွဲတွေ နေ့စဉ်လိုလို ဖြစ်ပွားနေပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။