ဓာတ်ပုံ – CJ

လွေးလာဝ်ဇာရ်၊ ဖေဖော်ဝါရီ ၁၉ ရက်၊ ကျောက်မဲ

တအာင်းတပ် ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့မှာ တအာင်းတပ်မတော်- TNLA ရဲ့ ဝတ်စုံကို အလွှဲသုံးစားလုပ်ပြီး ခိုးမှု၊ ခြိမ်းခြောက်မှု ပြုလုပ်သူတွေ ရှိနေတယ်လို့ ကိုယ်တိုင် ကြုံခဲ့ရသူ ကျောက်မဲဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်မှာ TNLA ရဲ့ဝတ်စုံ ဝတ်ထားသူက အိမ်ထဲ ဝင်လာပြီးတော့ ရဲတပ်ဖွဲ့ကဆိုပြီး ခြိမ်းခြောက်ခဲ့တာလို့ ဆိုပါတယ်။

“အဲနေ့က အဲနှစ်ယောက်က အဖွားကို သွားခြိမ်းခြောက်တာ။ အင်္ကျီအဖြူနဲ့တစ်ယောက် ပြောတာက ငါက TNLA တဲ့၊ အင်္ကျီအမဲရောင်နဲ့တစ်ယောက် ပြောတာက ငါက ရဲတဲ့။ ပြီးမှ အဖွားက အိမ်သာဘက်သွား‌တော့ ဖုန်းကို ခိုးယူသွားတာ”

TNLA ရဲ့ နာမည်နဲ့ ဝတ်စုံ အလွှဲသုံးစား လုပ်တဲ့သူ ၃ ဦးကို ဖမ်းမိထားတယ်လို့ ကျောက်မဲမြို့မှ တအာင်းတပ်ရဲ့ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“ကျနော်တို့တပ်ဖွဲ့ ဖမ်းမိထားတဲ့သူတွေက စစ်သားထဲက တစ်ယောက်မှ မဟုတ်ဘူး။ ဒေသခံတွေဘဲ။ TNLA ဝတ်စုံ ဝတ်ပြီး ဒေသခံတွေကို ခြိမ်းခြောက်တာ။ အဲဒီဝတ်စုံတွေလည်း ပစ်ထားတဲ့ ဝတ်စုံအဟောင်းတွေပါ”

ကျောက်မဲမြို့မှာ ဆိုင်ကယ်ပါဝါအိတ်ဇော တပ်ပြီး မောင်းလာတဲ့ ဒေသခံ ၂ ဦးကို ရဲတပ်ဖွဲ့က ဖမ်းပြီး ဒဏ်ငွေ ၁ သိန်းခွဲ ဆောင်ခိုင်းတဲ့ဖြစ်စဥ္ကလည်း ရဲတပ်ဖွဲ့ထဲကမဟုတ်ဘဲ အခုလို ဖြစ်ရပ်မျိုးရှိရင် လာရောက် တိုင်ကြားနိုင်တယ်လို့ ဆိုပါတယ်။

“ဆိုင်ကယ်ကိစ္စလည်း ကျနော်တို့ စစ်ဆေးကြည့်ပြီးပြီ။ ကျနော်တို့ တပ်ဖွဲ့ထဲက မဟုတ်ဘူး။ ‌သူတို့‌ပြောနေတဲ့ ဖုန်းဆိုင်တွေမှာ ပိုက်ဆံ‌ လိုက်ကောက်တယ်ဆိုတာလည်း ကျနော်တို့ထဲက မဟုတ်ဘူး။ TNLA နာမည်ကို အလွှဲသုံးစား လုပ်တာ”

ကျောက်မဲမြို့ကို ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း ၂၀၂၄ ဩဂုတ် ၅ ရက်မှာ တအာင်းတပ်က တိုက်ခိုက်သိမ်းပိုက်ပြီးတော့ လက်ရှိမှာ အုပ်ချုပ်ရေးယန္တရား လည်ပတ်နေတဲ့မြို့ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။