ဓာတ်ပုံ – DSNDA

ခိုင်လေး၊ မတ်လ ၂ ရက်၊ ရွာငံ

ရှမ်းတောင် ဓနုဒေသ ရွာငံမြို့နယ် မင်းပလောင်ရွာက စစ်ရှောင်တွေ ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းက အရေပြားရောဂါ ခံစားနေရတယ်လို့ ဓနုပြည်နယ်အမျိုးသား ကာကွယ်ရေးတပ်ဦး- DSNDA ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုကျားပျံက ရွှေဖီမြေကို ပြောပါတယ်။

စစ်ရှောင်တဲ့ ဒေသခံတွေဟာ နေရပ်သို့ မပြန်ရဲကြ‌သေးဘဲ တောတောင်တွေထဲ တဲဆောက်ပြီး နေကြရတာကြောင့် မြစ်ချောင်းက ရေတွေကိုသာ သောက်သုံးရေနဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေးအတွက်ပါ အသုံးပြုနေရတာပါ။

“ရေကြောင့်လို့တော့ ထင်မြင်ချက်တွေ ရှိပါတယ်။ ချောင်းရေ မြစ်ရေတွေဆိုတော့ သန့်ရှင်းမှု မရှိပါဘူး။ ယားနာပေါက်တာတွေ ဖြစ်တယ်။ ကလေးငယ်‌တွေလည်း ပါတယ်။ ခံ‌နေရတဲ့သူက ၂ဝဝ လောက်တော့ ရှိမယ်” လို့ DSNDA ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုကျားပျံက ပြောပါတယ်။

အရေပြား‌ရောဂါနဲ့ပတ်သက်ပြီး ဆေးဝါး ဖြည့်တင်းပေးတာ‌ ရှိပေမဲ့ ရောဂါကုသဖို့အတွက်လည်း ထပ်မံ လိုအပ်နေတာ‌ကြောင့် ဆေးဝါးအတွက် တတ်နိုင်သလောက် ပါဝင်ကူညီလိုသူ‌တွေအ‌နေနဲ့ DSNDA Page ကနေ ပါဝင်ကူညီပေးကြဖို့လည်း သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်နဲ့ ၂၃ ရက်မှာ စစ်တပ်ရဲ့ နှစ်ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးမှုကြောင့် မင်းပ‌‌လောင်ရွာက ဒေသခံ ၇၀၀ ဝန်းကျင်ဟာ တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်ကာ တဲဆောက်ပြီး နေထိုင်နေကြရတာပဲ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။