ဓာတ်ပုံ- CJ

မိုင်းရူပ၊ သြဂုတ် ၈ ရက်၊ ကျောက်မဲ

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့တဲ့ တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့နယ်မှာ ရေနစ်မြှုပ်မှုကြောင့် ပြောင်းဖူးစိုက်ခင်း ဧက ရာနဲ့ချီ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေနစ်မြှုပ်မှုကြောင့် ကျောက်မဲမြို့နယ် နောင်ပိန်ရွာက ပြောင်းဖူးခင်းအပါအဝင် ပုံဝိုး၊ ဆိုင်ခေါင်ရွာကနေ နောင်ကွမ်ချောင်းတလျှောက်ရှိ ပြောင်းဖူးခင်းတွေ ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

“ရေ တိုက်စားသွားတဲ့လမ်းကြောင်းက ပြောင်းခင်း၊ စပါးခင်းမှန်သမျှ လဲကုန်တာပေါ့။ ပြန်ပြီးတော့ အဖူးဖြစ်နိုင်ဖို့တော့ မလွယ်တော့ဘူး။ အဖူးဖြစ်ခါမှာ အဲလိုဖြစ်သွားတာ” လို့ နောင်ပိန်ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ရေနစ်မြှုပ်မှုကြောင့် ပျက်စီးသွားတဲ့ ပြောင်းဖူးခင်း အတိအကျကို မသိရသေးပေမဲ့ ဧက ၁၀၀ ကျော် ရှိနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၆ ရက် နေ့လယ်ပိုင်းကစပြီး ကျောက်မဲမြို့ပေါ်နဲ့ မြို့အနီးက ကျေးရွာတွေမှာ ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ပြီး အမျိုးသား ၂ ဦးလည်း ရေထဲ မျောပါသေဆုံးခဲ့ပါတယ်။

ဇူလိုင်လဆန်းပိုင်းကစပြီး ရှမ်းပြည်နယ်အပါအဝင် နိုင်ငံတဝန်းက နေရာတချို့မှာ ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ပြီး လူသေဆုံးတဲ့အထိ ရှိခဲ့ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။