ဓာတ်ပုံ- Pyin Oo Lwin Travel

လွေးထွေး၊ ဧပြီ ၆ ရက်၊ ပြင်ဦးလွင်

မန္တလေးမှာ ငလျင်ဒဏ်သင့်လို့ အဆောက်အဦး ပြိုကျပျက်စီးတာကြောင့် ပြင်ဦးလွင်မြို့သို့ လာရောက် ခိုလှုံချိန် ပြင်ဦးလွင်ရှိ အိမ်ခန်းနဲ့ ဟိုတယ်တချို့ဟာ ဈေးတက်လာလို့ စျေးကြီး ပေးပြီး တည်းခိုနေရကြောင်း ကိုယ်တိုင် ကြုံတွေ့နေရသူ အမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက် နေ့လယ် ၁ နာရီ ဝန်းကျင်မှာ ပြင်းအား ၇.၇ ငလျင် လှုပ်ခတ်ခဲ့တာကြောင့် မန္တလေး၊ စစ်ကိုင်းတိုင်း၊ နေပြည်တော်နဲ့ ရှမ်းတောင်က လူထုတွေ သေဆုံးခဲ့သလို အဆောက်အဦး ပျက်စီးခဲ့တာကြောင့် အဲဒီထဲမှာမှ မန္တလေးတိုင်းမှ ဒေသခံအများစုက ပြင်ဦးလွင်မြို့သို့ လာရောက် ခိုလှုံနေကြတာ ဖြစ်ပါတယ်။

ကိုယ်တိုင် ကြုံတွေ့နေရသူ အမျိုးသမီးက “မန္တလေးကလာတဲ့လူ အရမ်းများလို့ အစပိုင်းက ဟိုတယ်တွေ ပြည့်သလောက်ဘဲ။ ဟိုတယ်က အရမ်းဈေးများတော့ ဒီနောက်ပိုင်းက အိမ်ခန်းတွေ ပြန်လိုက်ရှာနေကြတာ။ မထူးပါဘူး အိမ်ခန်းနဲ့ ဟိုတယ် အတူတူလောက်ဘဲ ပေးရတာက။ တော်တော်လေး ဒုက္ခရောက်ရတယ်” လို့ ပြောပါတယ်။

ပုံမှန် မိသားစုခန်း တစ်ခန်းကို ၈ သောင်း ၁ သိန်းဝန်းကျင်အခန်းကို မတ်လ ၂၈ ရက် ညပိုင်းကစပြီး ၁ သိန်းခွဲကနေ ၂ သိန်းကြားပေးနေရသလို အရင်က အိမ်ခန်းငှားခ တစ်လ ၁ သိန်းဝန်းကျင်သာ ပေးရတဲ့ အိမ်ကိုတော့ ၂ သိန်းကျော်အထိ ပေးပြီး ငှားနေရကြောင်း ပြောဆိုပါတယ်။

ဒါ့အပြင် ပြင်ဦးလွင်မြို့မှာ K-Pay ငွေလွှဲငွေထုတ် လုပ်တာ ရှားပြီး စားသောက်ကုန်လည်း ဈေးတင်ရောင်းတာ ရှိနေကြောင်း နောက်ထပ် မြို့ခံ အမျိုးသမီးက ပြောပါတယ်။

“ဆိုင်တိုင်းတော့မဟုတ်ပေမဲ့ တချို့ကုန်စုံဆိုင်နဲ့ စားသောက်ဆိုင်တွေဆို အခွင့်ကောင်းယူပြီး ဈေးအတော်ကို တင်ရောင်းကြတာ ရှိတယ်။ တချို့ကတောင် ငလျင်ဘေးသင့်လူထုတွေ အလကား လာစားလို့ရ‌တာလေးတွေတောင် လုပ်‌ပေးတာလည်း ရှိတယ်”

အလားတူ မတ်လကုန်ပိုင်းကလည်း ငလျင်ဒဏ် ခံနေရတဲ့နေရာတွေမှာ အလောင်းထည့်တဲ့ အိတ်တစ်ခုကို ၁ သောင်းခွဲ၊ ရေသန့်တစ်ဘူးကို ၂ ထောင်၊ ကြက်ဥတစ်လုံးကို ၁,၅၀၀ ကျပ်အထိ ပေးဝယ်ရတဲ့အပြင် နေရာတချို့မှာလည်း အလောင်း သယ်ထုတ်ခနဲ့ မြေတူးစက်ငှားခတွေ ‌သိန်းဆယ်ချီ တောင်းနေတာတွေလည်း ရှိနေကြောင်း လူထုတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။