ဓာတ်ပုံ – TNLA

မိုင်းပန်ပျော်၊ ဧပြီလ ၂၉ ရက်၊ ကျောက်မဲ

တအာင်းတပ်မတော်-TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် မိုးမိတ် ကျောက်မဲမြို့နယ်နဲ့ နမ့်ခမ်းမြို့နယ် မိုင်း‌ဝီး‌ကျေးရွာတွေမှာ နေအိမ် မီးလောင်မှုဖြစ်ပွါးခဲ့လို့ ကာလတန်းဖိုး ကျပ်သိန်းပေါင်း ၃၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ တအာင်းတပ်မတော်-TNLA က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၆ ရက် ညနေ ၇ နာရီ ဝန်းကျင်မှာ နမ့်ခမ်းမြို့နယ် မိုင်းဝီးကျေးရွာအုပ်စု မာန်ဗူးကျေးရွာမှာ အိမ်ရှင်က မီးမငြိမ်းပဲ အပြင်သွားနေတဲ့အချိန် နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“အိမ်ရှင်က အပြင်သွားတာ မီးမငြိမ်းပဲသွားတာလေ။ အဲကနေစပြီး မီးလောင်ပြီးတော့ နောက်ထပ်တစ်အိမ် ထပ်ကူးသွားတယ် ၂ အိမ်စလုံးမီးလောင်သွားတာ။ လူတော့ထိတာမရှိဘူး။ မီးလောင်သွားတဲ့ဟာကတော့ အကုန်လုံးပါသွားတယ်။ သူတို့အိမ်ထဲက ပစ္စည်း ဆန် ၉၀ အိတ်ပါတယ်။ နောက်တစ်အိမ်လည်း ဆန် ၄၀ အိတ် မီးလောင်သွားတယ်”

ပြီးခဲ့တဲ့ ဧပြီလ ၂၆ ရက် ညနေ ၄ နာရီခွဲဝန်းကျင် မိုးမိတ်မြို့ လက်ခုတ်တန်းရပ်ကွတ်ထဲက နေအိမ်တစ်ခုမှာ ဘက်ထရီအိုးအပူလွန်ပြီး ပေါက်ကွဲခဲ့တာကြောင့် နေအိမ်မီးလောင်မှုဖြစ်ခဲ့တယ်လို့ PSLF/TNLA က ထုတ်ပြန်ချက်ထဲမှာ‌ဖော်ပြထားပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက် ၁၂ နာရီခွဲအကျော် ကျောက်မဲမြို့နယ် တံခွန်တိုင်ကျေးရွာမှာလည်း အမှိုက်ရှို့ရာကနေ နေအိမ်တစ်လုံး မီးလောင်ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။

မိုးမိတ်မြို့နဲ့ ‌နမ့်ခမ်းမြို့နယ် မိုင်းဝီးမြို့နယ် မီးလောင်မှုကြောင့် နေအိမ် ၄ လုံးနဲ့ အိမ်ထဲမှာရှိတဲ့ပစ္စည်းတွေရဲ့ကာလတန်ဖိုး ကျပ်သိန်း ၃၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ‌‌ဆိုပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။