ဓာတ်ပုံ- Local

ပို့လဘား၊ မေလ ၁၃ ရက်၊ နမ္မတူ

တအာင်းတပ် ထိန်းချုပ်ထားတဲ့ နမ္မတူမြို့မှာ မနေ့ မေလ ၁၂ ရက် ည ၁၀ နာရီခွဲဝန်းကျင်က နေအိမ်မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။

မြို့မဈေးရပ်ကွက်ရှိ နေအိမ်တစ်လုံးကနေ ဝိုင်ယာကြိုး ရှော့လ်ဖြစ်ပြီး မီးလောင်မှု ဖြစ်ပွားခဲ့တာလို့ ရပ်ကွက်အတွင်း နေထိုင်သူ ဒေသခံတစ်ဦးက ပြောပါတယ်။

“မနေ့ည အသံတစ်ခု ကြားလိုက်လို့ ကျနော် ထကြည့်တော့ မီးလောင်နေပြီ။ အဲအိမ်မှာတော့ လူနေတာ မရှိတော့ဘူး။ သူတို့ရန်ကုန်မှာ နေကြတယ်။ သူတို့အိမ်မှာ မီးဖွင့်ထားလို့ ဝိုင်ယာကြိုး ရှော့လ်ဖြစ်ပြီး လောင်တာထင်တာပဲ။ အကုန်လုံး မီးလောင်ပြာကျတာ။ ဘာပစ္စည်းမှ မရတော့ဘူး။ အိမ်ကတော့တစ်အိမ်ပဲ တစ်ယောက်က ဘေးမှာ ငှားနေတာ။ သူစက်ချုပ်တယ်။ သူလည်း သူအပ်ချုပ်စက်တွေထုတ်ပြီး နဲနဲပဲပြန်ရတယ်။ ပစ္စည်းက အကုန်လုံး မီးလောင်ထဲ ပါသွားတယ်။ ဘေးကအိမ်တွေတော့ နဲနဲထိတယ်”

မီးလောင်မှုအတွင်း ဆုံးရှုံးသွားတဲ့ ပစ္စည်းပမာဏတန်ဖိုးကိုတော့ မသိရသေးပါဘူး။

မီးလောင်မှု ဖြစ်ပွားခဲ့တဲ့နေရာကိုတော့ တအာင်းတပ်ရဲ့ တာဝန်ရှိသူ၊ မီးသတ်တပ်ဖွဲ့‌နဲ့ လူထုတွေက ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ ဒီနေ့မနက်အစောပိုင်း ၂ နာရီမှာ ငြိမ်းသတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလအတွင်း ရွှေဖီမြေ ပြုစုထားတဲ့ စာရင်းအရ နမ့်ခမ်း၊ ကွတ်ခိုင်၊ ကျောက်မဲ၊ သီပေါ၊ မိုးမိတ် စတဲ့မြို့မှာ မီးလောင်မှု ၆ ကြိမ် ဖြစ်ပွားခဲ့ပြီး ဘုန်းကြီးကျောင်းဆောင်တစ်ခုနဲ့ နေအိမ် ၆ လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။