ယာရူစိင်၊ အောက်တိုဘာ ၂၅ ရက်၊ နမ္မတူ

စစ်ကောင်စီပြန်ထိန်းချုပ်ထားတဲ့ သီပေါမြို့နဲ့ PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ္မတူမြို့နယ်အစပ်ရှိ မန်လီကျေးရွာကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကျေးရွာထဲရှိ နေအိမ်တချို့ မီးလောင်မှုဖြစ်ပွါးနေတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ဒီနေ့ အောက်တိုဘာ ၂၅ ရက် ညနေ ၅ နာရီဝန်းကျင်မှာ ဒရုန်းနဲ့ ဗုံးအလုံးရေ ၅ လုံးကြဲချတိုက်ခိုက်ခဲ့သလို နေ့လယ် ၁၁ နာရီကလည်း ကျေးရွာအတွင်းထဲကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

“နေ့လယ်က ကြဲတာတော့ ၃ လုံးချတာ။ ၂ လုံးတော့ကွဲတယ်။ ၁ လုံးတော့ မကွဲသေးဘူး ကျန်သေးတယ်။ ဒီညနေကျ ထပ်ကြဲလို့ အိမ်တချို့ မီးလောင်နေတယ်။ နေ့လယ်က ကြဲတာလည်း အိမ်တွေ ထိပါတယ်”လို့ ဖြစ်စဉ်ကို သတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေ ကို ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုနဲ့ နေအိမ်အပျက်အစီး စာရင်းအတိအကျကိုတော့ ရွှေဖီမြေအနေနဲ့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ သီပေါမြို့နယ် မိုးတေကျေးရွာဘက်ကနေ မန်လီရွာဘက်ကို လက်နက်ကြီး၊ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ မန်လီရွာခံအများစုဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

မန်လီကျေးရွာဟာ တအာင်းလူမျိုးအများစု နေထိုင်တဲ့ ကျေးရွာဖြစ်ပြီး၊ တအာင်းတပ်ထိန်းချုပ်ပြီးနောက် တိုက်ပွဲဖြစ်ပွားမှု မရှိဘဲ စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံး ၃ ကြိမ် ကြဲချတိုက်ခိုက်ခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ သီပေါမြို့ကို ပြီးခဲ့တဲ့ အောက်တိုဘာ ၁၈ ရက်မှာ ပြန်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် နမ္မတူမြို့နယ်ဘက်ကို ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်လာနိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။