ပုံစာ- ရောင်းဖို့အတွက် ပို့စ် တင်ထားတဲ့ ပါရမီလမ်းသွယ် ၇ က ၂ ထပ်ခွဲ နေအိမ်

လွေးထွေး၊ ဧပြီ ၁၃ ရက်၊ လားရှိုး

ကိုးကန့်တပ်မတော် ထိန်းချုပ်ထားတဲ့ လားရှိုးမြို့မှာ စစ်ရှောင်သွားပြီး ပြန်လာမနေသေးတဲ့ အိမ်တွေကို ခိုးပြီး အရောင်းတင်နေသူ ရှိတာကြောင့် အဝယ်မမှားကြဖို့ အိမ်ရှင်ကိုယ်တိုင်က ပြောပါတယ်။

ဧပြီလ ပထမအပတ်ကစပြီး လားရှိုးမြို့ရှိ ရပ်ကွက်တချို့က စစ်ရှောင်သွားတဲ့ နေအိမ်တွေကို ခိုးပြီး အရောင်းတင်နေသူတွေ ရှိနေတာပါ။

အိမ်အရောင်းတင်ခံရသူ အမျိုးသမီးက “ကျမတို့ စစ်ဖြစ်ကတည်းက စစ်ရှောင်ထားတာ။ ဒီရောက်တော့လည်း အိမ်ဂရန်တွေ အခိုးခံလိုက်ရတာ။ အခု ကျမတို့ အိမ်ရောင်းတဲ့ လူတွေထဲကဘဲ ခိုးတာလား။ ဘာလားတော့ မသိရဘူး။ အဲဒါကြောင့် စာချုပ်အတုနဲ့ဘဲဖြစ်စေ၊ အစစ်နဲ့ဘဲဖြစ်စေ အိမ်တွေရောင်းရင် မဝယ်ကြပါနဲ့” လို့ ရွှေဖီမြေကို ပြောပါတယ်။

အိမ်အရောင်းတင်ခံရတာဟာ လားရှိုးမြို့ ပါရမီလမ်းသွယ် ၇ က ၂ ထပ်ခွဲ နေအိမ်ဖြစ်ပြီး ကာလပေါက်‌ဈေး သိန်း ၇ ထောင်နဲ့ ခိုးရောင်းသူ ရှိနေသလို တခြားရပ်ကွက်က နေအိမ်တွေလည်း အရောင်းတင်ခံနေရတယ်လို့ ဆိုပါတယ်။

လားရှိုးမြို့ထဲက အိမ် အရောင်းတင်ခံရတဲ့ အိမ်အပြင် ကျောက်မဲမြို့က နေအိမ်ရဲ့ အိမ်စာချုပ်တွေပါ ခိုးခံခဲ့ရတာကြောင့် ၎င်းစာချုပ်ထဲမှာ ဦးပန်းငြိမ်းနဲ့ ဒေါ်စန်းစန်းနီဆိုတဲ့ နာမည်ပါတဲ့ ပိုင်ဆိုင်မှု အရောင်း ပြခဲ့ရင် မဝယ်ကြဖို့ကိုလည်း မိသားစုဝင်က တောင်းဆိုထားပါတယ်။

လားရှိုးမြို့ထဲကနေ ကိုးကန့်တပ် ဆုတ်ခွာပြီး စစ်ကောင်စီတပ် ပြန်ဝင်လာမယ်ဆိုတဲ့ သတင်းကြောင့် လားရှိုးဒေသခံတချို့ နေအိမ်၊ ကားနဲ့ တခြားပိုင်ဆိုင်မှုတွေကို ဈေးပေါပေါနဲ့ ရောင်းနေကြတာရှိကြောင်း လားရှိုးဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။