ဓာတ်ပုံ- Local (နောင်ချိုမြို့ ဗုံးကြဲတိုက်ခိုက်ခံရစဉ်-ပုံဟောင်း)

မိုင်းရူပ၊ မေလ ၁၅ ရက်၊ နောင်ချို

တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နောင်ချိုမြို့နယ် သုံးဆယ်ရွာကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ တိုက်ခိုက်ခဲ့ရာ ၅ ဦး ဒဏ်ရာ ရခဲ့တယ်လို့ နောင်ချိုဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မနေ့ မေလ ၁၄ ရက် နေ့လယ် ၃ နာရီ ၄၀ မိနစ်မှာ စစ်တပ်က သုံးဆယ်ကျေးရွာထဲ ဂျက်ဖိုက်တာ လေယာဉ်အသုံးပြုပြီး ပေါင် ၂၅၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ အမျိုးသား ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

“သုံးဆယ်ရွာထဲကို ဂျက်ဖိုက်တာနဲ့ ၂ ကြိမ် လာကြဲတာ။ သေတဲ့သူတော့ မရှိတော့ဘူး။ အမျိုးသား ၅ ဦး ဒဏ်ရာ ရတယ်” လို့ နောင်ချိုဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်တချို့ ထိမှန်ပျက်စီးခဲ့ပြီး ဒဏ်ရာရသူတွေထဲ TNLA တပ်ဖွဲ့ဝင်လည်း ပါဝင်တယ်လို့ သူက ဆက်ပြောပါတယ်။

စစ်ကောင်စီရဲ့ အမြှောက်တပ် တည်ရှိရာ နောင်ချိုမြို့နယ် တောင်းခမ်းရွာအနီးဝန်းကျင်နဲ့ အုမ္မတီးရွာမှာတော့ စစ်တပ်နဲ့ TNLA အကြား နေ့စဉ်လိုလို တိုက်ပွဲ ဖြစ်ပွားနေပါတယ်။

ဧပြီလကုန်မှာ ပြုလုပ်ခဲ့တဲ့ တရုတ်နိုင်ငံ ကူမင်းဆွေးနွေးပွဲ မအောင်မြင်ပြီးနောက် စစ်တပ်ဟာ TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲ၊ မန်တုံ၊ မိုးကုတ်နဲ့ မိုင်းငေါ့ စတဲ့မြို့တွေကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်နေပြီး အရပ်သားသေဆုံးမှု ဆက်ရှိနေပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၃ ရက်မှာ TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုနဲ့ မိုးကုတ်မြို့ထဲ ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်တချို့ ထိမှန်ပျက်စီးခဲ့ပါတယ်။

စစ်တပ်ဟာ မေလကုန်အထိ အပစ်ရပ်ကြောင်း ထုတ်ပြန်ထားပေမဲ့ TNLA ထိန်းချုပ်ဒေသကို လေကြောင်း၊ လက်နက်ကြီးနဲ့ ဒရုန်းအသုံးပြုပြီး ပစ်ခတ်တိုက်တာတွေ ပြုလုပ်နေတာကြောင့် လူထုတွေအနေနဲ့ စစ်ရေးသတိ ရှိကြဖို့ TNLA က တိုက်တွန်းထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။