ရွှေဖီမြေ၊ ဖေဖော်ဝါရီ ၁၉၊ နောင်ချို
နောင်ချိုမြို့နယ် နောင်ချိုကြီးကျေးရွာရှိ တိမ်ပင်လယ်စခန်းမှာ တောမီးကနေတဆင့် မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံ အမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက် နေ့လယ် ၁ နာရီ ဝန်းကျင်မှာ တောမီးလောင်ရာကနေ မီးကူးပြီး နောင်ချိုကြီးကျေးရွာရှိ 7th Heaven အပန်းဖြေစခန်းက တဲအိမ်တွေ မီးလောင်ပျက်စီးခဲ့တာ ဖြစ်ပါတယ်။
ဒေသခံ အမျိုးသားက “မီးကို ရွာသားတွေက တတ်နိုင်ငလောက် ငြိမ်းကြတယ်။ လေအရမ်းပြင်းတော့ မီးကတအားကြီးလို့ မနိုင်တာ” လို့ ပြောပါတယ်။
မီးလောင်တာကြောင့် ၎င်းစခန်းက တဲအိမ် (အိပ်ဆောင်) ၉ လုံး ပျက်စီးခဲ့တဲ့အပြင် တခြားအဆောက်အဦးတွေလဲ ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
၎င်းတိမ်ပင်လယ်သို့ ဆောင်းရာသီမှာ ခရီးသွားလူထုတွေ သွားရောက်အနားယူ အပန်းဖြေတဲ့နေရာဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
ဖေဖော်ဝါရီ ၁၄ ရက်ကလည်း ကျောက်မဲမြို့နယ်နောင်ပိန်လေးကျေးရွာမှာ မီးလောင်ခဲ့တာကြောင့် နေအိမ်ပျက်စီးခဲ့ရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။