ဓာတ်ပုံ- စစ်ကောင်စီ Telegram

မိုင်းရူပ၊ စက်တင်ဘာ ၁၀ ရက်၊ ကျောက်မဲ

စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် ရှမ်းမြောက် ကျောက်မဲမြို့နယ် နောင်ပိန်ရွာအနီးဝန်းကျင်နဲ့ ဂုတ်တွင်းအနီးရှိ နောင်ပြစ်ရွာမှာ စစ်တပ်နဲ့ တအာင်းတပ်- TNLA တို့ တိုက်ပွဲ ဆက်လက် ပြင်းထန်နေတယ်လို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိနေသူတွေက ရွှေဖီမြေကို ပြောပါတယ်။

နောင်ချို ဂုတ်တွင်းကနေ ထိုးစစ်ဆင်လာတဲ့ စစ်တပ်ဟာ ကျောက်မဲမြို့နယ်ဘက်ခြမ်း နောင်ပြစ်ရွာဘက် ထိုးစစ်ဆင် တိုက်ခိုက်နေပြီး နောင်ပြစ်ရွာရဲ့ နေရာအများစုကို စစ်တပ်က ပြန်ထိန်းချုပ်နိုင်ခဲ့ပြီလို့ သိရပါတယ်။

စစ်တပ်ရဲ့ ထိုးစစ်ဆင်မှုကြောင့် ၃ ပတ်ကျော် တိုက်ပွဲ ပြင်းထန်နေတဲ့ နောင်ပိန်ရွာမှာတော့ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး နှစ်ဖက် အထိအခိုက် အကျအဆုံး များတယ်လို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိနေသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“တိုက်ပွဲကတော့ အပြန်အလှန် ထိုးစစ်ဆင်နေတဲ့ အခြေအနေပေါ့။ တိုက်ပွဲက ဆက်ပြင်းထန်နေတယ်။ နှစ်ဖက်အထိအခိုက်လည်း များတယ်”

နောင်ပိန်တိုက်ပွဲမှာ စစ်တပ်ဘက်က အသေခံဒရုန်းအပါအဝင် ဒရုန်းတိုက်ခိုက်မှုကို အဓိက အသုံးပြုပြီး တိုက်ခိုက်နေပါတယ်။

လက်ရှိမှာ ကျောက်မဲနဲ့ နောင်ချိုကို ဆက်သွယ်ထားတဲ့ ဂုတ်တွင်းတံတားကိုလည်း ပြန်လည် ပြုပြင်ပြီးစီးပြီလို့ စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရမ်တွေမှာ ဖော်ပြနေတာ တွေ့ရပြီး နောင်ပိန်ရွာဘက် စစ်အင်အားနဲ့ လက်နက်ခဲယမ်း လွယ်လွယ်ကူကူ ပို့ဆောင်လို့ရမယ့် အခြေအနေ ဖြစ်နေတယ်လို့ ရှေ့တန်းမှာ ရှိနေသူတွေက ပြောပါတယ်။

ဩဂုတ် ၁၉ ရက်ကစပြီး အင်အား ရာချီရှိတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ နောင်ချိုကနေ ဂုတ်ထိပ်ချောင်းကိုဖြတ်ပြီး SSPP ထိန်းချုပ်ထားတဲ့ နောင်ပိန်ရွာအနီး ထန်းတပင်ရွာကနေ နောင်ပိန်ရွာဘက် ထိုးစစ်ဆင်လာတာပဲ ဖြစ်ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။