မိုင်းရူပ၊ သြဂုတ် ၂၇ ရက်၊ ကျောက်မဲ

စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ကျောက်မဲမြို့နယ် နောင်ပိန်ရွာမှာတိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းနဲ့ ဗုံးဆက်တိုက်ကြဲနေတယ်လို့ သိရပါတယ်။

တိုက်ပွဲဟာ နောင်ပိန်ကျေးရွာလမ်းခွဲနဲ့ နောင်ပိန်ကျေးရွာအထွက်မှာ စစ်ကောင်စီတပ်က တအာင်းတပ်မတော်- TNLA တည်ရှိရာကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေဆဲ ဖြစ်ပြီး ဒီနေ့ နေ့လည် ၄ နာရီခွဲမှာ စစ်ကောင်စီဘက်က Y- 12 လေယာဥ်နဲ့ ဗုံးဆက်တိုက်ကြဲနေပါတယ်။

ဒါ့အပြင် စစ်ကောင်စီဘက်က အသေခံဒရုန်းတွေနဲ့လည်း ဆက်တိုက်ဗုံးကြဲနေတာ ဖြစ်ပါတယ်။

ဒီနေ့ သြဂုတ် ၂၇ ရက်အထိ နောင်ပိန်ကျေးရွာရဲ့ နေရာအများစုကို စစ်ကောင်စီတပ်က ထိန်းချုပ်ထားပြီး တအာင်းတပ်ဘက်က နေရာတချို့ကိုသာ ထိန်းချုပ်ထားပြီး ကားလမ်းမကို ထိန်းချုပ်ဖို့ စစ်ကောင်စီက ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် တိုက်ပွဲကြောင့် နောင်ပိန်ကျေးရွာခံအပါအဝင် အနီးအနားက ကျေးရွာ ၁၀ ရွာထက်မနည်းက ဒေသခံသောင်းနဲ့ ချီထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သြဂုတ် ၁၉ ရက်ကစပြီး အင်အားရာချီရှိတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ နောင်ချိုဘက်နေ ဂုတ်ထိပ်ချောင်းကိုဖြတ်ပြီး SSPP ထိန်းချုပ်ထားတဲ့ နောင်ပိန်ရွာအနီး ထန်းတပင်ရွာကနေ နောင်ပိန်ကျေးရွာဘက်ကို ထိုးစစ်ဆင်လာတာ ဖြစ်ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။