ဓာတ်ပုံ – Facebook

မိုင်းရူပ၊ သြဂုတ် ၂၃ ရက်၊ နောင်ချို

တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို စစ်ကောင်စီတပ် ပြန်ရပြီးနောက် နောင်ချို-မိုးကုတ်လမ်းပိုင်းရှိ ကျေးရွာတွေမှာ စစ်တပ်ဘက်က ဆက်လက် ထိုးစစ်ဆင်နေပြီး လက်ရှိ ကျေးရွာ ၃ ခုမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိနေသူတွေက ပြောပါတယ်။

နောင်ချို-မိုးကုတ်လမ်းပေါ်ရှိ ချောင်းဆုံ၊ နာကြိုင်းနဲ့ ရတနာသင်္ဂိ စတဲ့ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ TNLA တပ်အကြား တိုက်ပွဲ ပြင်းထန်နေတာဖြစ်ပါတယ်။

“စစ်တပ်ဘက်က အင်အား အများအပြား သုံးပြီး ထိုးစစ်လုပ်တာ။ ဒီရက်ပိုင်း ချောင်းဆုံ၊ ရတနာသင်္ဂိ၊ နာကြိုင်း ရွာကြားတွေမှာ တိုက်ပွဲ ပြင်းထန်နေတယ်” လို့ ရှေ့တန်းစစ်မြေပြင်မှာ စစ်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်တပ်စစ်ကြောင်းဟာ နောင်ချို-မိုးကုတ်လမ်းပေါ်ရှိ ကျေးရွာတွေကို ဆက်တိုက် ထိုးစစ်ဆင်နေတာဖြစ်ပြီး ဆမ္မဆယ်၊ သုံးဆယ်၊ ဟိုခိုနဲ့ ဒိုးပင် စတဲ့ ကျေးရွာကြီးတွေကိုလည်း ဆက်တိုက် သိမ်းယူနေပြီး ဒိုးပင်ရွာအကျော်က ကျေးရွာတွေကို ဆက်လက် ထိုးစစ်နေတာ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ကြောင့် ကျောက်မဲမြို့နယ် နောင်ပိန်ရွာမှာလည်း စစ်ကောင်စီတပ်နဲ့ TNLA တပ်တို့အကြား တိုက်ပွဲ ပြင်းထန်နေတယ်လို့ သိရပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။