ဓာတ်ပုံ – SPM

မိုင်းရူပ၊ မတ်လ ၇ ရက်၊ နောင်ချို

တအာင်းတပ်မတော်-TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နောင်ချိုမြို့နဲ့ မိုင် ၂၀ ခန့်ကွာဝေးတဲ့ တောင်ခမ်းကျေးရွာနဲ့ အုမ္မတီးကျေးရွာတွေဘက်မှာ စစ်ကောင်စီနဲ့ TNLA အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစပြီး စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ကြောင့် TNLA ထိန်းချုပ်ထားတဲ့ကာကင်းစခန်းအချို့ ပြန်လည်လက်လွတ်ခဲ့ရတာရှိခဲ့ပေမယ့် လက်ရှိမှာ တောင်ခမ်းရှိ စစ်ကောင်စီတပ်ဖွဲ့ကို TNLA က ဝိုင်းရံပိတ်ဆို့ထားဆဲဖြစ်တယ်လို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိနေသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

” မနေ့က TNLA က ထိုးစစ်တိုက်ခိုက်တော့ တိုက်ပွဲဖြစ်တာ ရှိတယ်။ လက်ရှိအခြေအနေက စစ်ကောင်စီရဲ့ တပ်စခန်းတွေကို ဝိုင်းရံပိတ်ဆို့ထားတဲ့ အခြေအနေ ဖြစ်တယ်။ ဒီနေ့မနက် မတ်လ ၇ ရက် အထိတော့ မြေပြင်တိုက်ပွဲတွေ ငြိမ်နေတယ်” လို့ ဆိုပါတယ်။

တောင်ခမ်းကျေးရွာမှာ စစ်ကောင်စီရဲ့ အမြောက်တပ်စခန်းကွပ်ကဲမှုဌာနချုပ်-အပါအဝင် အမြောက်တပ်တပ်စခန်းတွေ ဖြစ်တဲ့ -၃၅၄၊ ၂၀၆နဲ့ ၄၀၆ တပ်တွေ အခြေချ တပ်စွဲထားတာ ဖြစ်ပြီး တောင်ခမ်းမှာ စစ်ကောင်စီနဲ့ TNLA အကြား တိုက်ပွဲပြင်းထန်နေတာ ၆ လကြာရှိနေပြီ ဖြစ်ပါတယ်။

စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ်ချယ်နယ်တွေမှာတော့ တောင်ခမ်းရှိ TNLA တပ်စွဲထားတဲ့ မန်မော်ဘုရားကုန်း၊ ဆယ်တောင်ပြည့်ကုန်းနဲ့ လုံကုန်ဘုန်ကြီးကျောင်းတွေကို စစ်ကောင်စီဘက်က ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း ရေးသားဖော်ပြနေကြပါတယ်။

တောင်ခမ်းကျေးရွာဟာ နောင်ချိုနဲ့ ရှမ်းတောင် ကျောက်ဂူ-ရပ်စောက်ကို ဆက်သွယ်ထားတဲ့ လမ်းကြောင်းပေါ်မှာ တည်ရှိကာ စစ်ရေးအရ အရေးပါတဲ့နေရာဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က တောင်ခမ်းလက်မလွတ်ရရေး အပြင်းအထန် ခုခံနေတယ်လို့ မြေပြင်အခြေအနေသိရှိသူတွေက ရွှေဖီမြေကို ပြောဆိုထားပါတယ်။

ဒါ့အပြင် နောင်ချိုနဲ့ ပြင်ဦးလွင်လမ်းမပေါ်မှာရှိတဲ့ အုမ္မတီးကျေးရွာမှာလည်း တိုက်ပွဲတွေဆက်လက်ဖြစ်ပွါးနေတာဖြစ်ပြီး စစ်ကောင်စီဘက်က ဒရုန်းတွေ အများအပြားအသုံးပြုပြီးတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

နောင်ချိုမြို့ကိုတော့ ပြီးခဲ့တဲ့ ဇူလိုင် ၁၀ ရက်ကတည်းက TNLA နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။