မိုင်းအရှိုင်း၊ ဇူလိုင် ၂၀ ရက်၊ နောင်ချို
စစ်ကောင်စီတပ် ပြန်လည် ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်မှာ စစ်တပ်နဲ့ TNLA တို့အကြား တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေတယ်လို့ ရှေ့တန်း သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
သတင်းရင်းမြစ်က “ချနေတုန်းပဲ ဟုတ်တယ်။ ဆမ္မဆယ်မှာ ချနေတာ” လို့ ပြောပါတယ်။
စစ်တပ်က ဇူလိုင် ၁၆ ရက်မှာ နောင်ချိုမြို့ကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပြီး အဲဒီနေ့မှာပဲ TNLA ဘက်က နောင်ချိုမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေမှာဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။
မနေ့ ဇူလိုင် ၁၉ ရက်အထိ နောင်ချို-မိုးကုတ် လမ်းပေါ်မှာရှိတဲ့ ဆမ္မဆယ်မှာ TNLA နဲ့ စစ်တပ်တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။