မိုင်းရူပ၊ မတ်လ ၁၁ ရက်၊ နောင်ချို

ရှမ်းမြောက် နောင်ချိုမြို့နယ် တောင်းခမ်းနဲ့ အုမ္မတီးကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော်- TNLA တို့အကြား တိုက်ပွဲ ဆက်ဖြစ်နေတယ်လို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိနေသူတွေက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီရဲ့ အမြှောက်တပ်တွေ တည်ရှိရာ တောင်းခမ်းရွာနဲ့ နောင်ချို-ပြင်ဦးလွင်ကြားရှိ အုမ္မတီးရွာမှာ စစ်တပ်နဲ့ TNLA တို့အကြား ဒရုန်း၊ လက်နက်ကြီး အသုံးပြုကာ ပစ်ခတ်တိုက်ခိုက်နေပြီး နှစ်ဖက်အထိအခိုက် များနေတယ်လို့ သိရပါတယ်။

“တိုက်ပွဲက ဆက်ဖြစ်နေတယ်။ စစ်ကောင်စီက ဒရုန်းနဲ့ ဟောင်ဝစ်ဇာ လက်နက်ကြီးတွေသုံးပြီး တိုက်ခိုက်နေတာ ရှိတယ်။ တောင်းခမ်းမှာတော့ စစ်ကောင်စီကို TNLA က ဝိုင်းရံပိတ်ဆို့ထားဆဲ အခြေအနေပေါ့။ အုမ္မတီးဘက်က ဒီနေ့မှာ တစ်ဖက်နဲ့တစ်ဖက် ဒရုန်းနဲ့ တိုက်ခိုက်နေတယ်” လို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိနေသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစပြီး စစ်တပ်ဘက်က ထိုးစစ်ဆင်မှုကြောင့် TNLA ထိန်းချုပ်ထားတဲ့ တောင်းခမ်းရွာက နေရာတချို့ ပြန်လည် လက်လွှတ်ခဲ့ရတာ ရှိနေပြီး စစ်ကောင်စီတပ်ဘက်က ဒရုန်း တိုက်ခိုက်မှု ပိုအားကောင်းလာတယ်လို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိနေသူတွေက ပြောပါတယ်။

တောင်းခမ်းရွာမှာ စစ်ကောင်စီရဲ့ အမြှောက်တပ်စခန်း ကွပ်ကဲမှုဌာနချုပ်အပါအဝင် အမြှောက်တပ်တပ်စခန်းတွေဖြစ်တဲ့ ၃၅၄၊ ၂၀၆ နဲ့ ၄၀၆ တပ်တွေ အခြေချ တပ်စွဲထားတာဖြစ်ပြီး တောင်းခမ်းမှာ စစ်တပ်နဲ့ TNLA တို့ တိုက်ပွဲ ပြင်းထန်နေတာ ၆ လကြာ ရှိနေပြီ ဖြစ်ပါတယ်။

စစ်ကောင်စီကို ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ တောင်းခမ်းကို စစ်ကောင်စီက ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီလို့ ရေးသားဖော်ပြနေကြပြီး တောင်းခမ်းကနေ နောက်တန်းသို့ ပြန်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို စစ်ကောင်စီအရာရှိတွေ ကြိုဆိုနေတဲ့ပုံနဲ့ ရေးသားဖော်ပြနေတာ တွေ့ရပါတယ်။

နောင်ချိုမြို့ကိုတော့ ပြီးခဲ့တဲ့ ဇူလိုင် ၁၀ ရက်ကတည်းက TNLA နဲ့ ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး လက်ရှိ တိုက်ပွဲ ပြင်းထန်နေတဲ့ တောင်းခမ်းရွာက နောင်ချိုမြို့နဲ့ မိုင် ၂၀ ခန့်သာ ကွာဝေးတယ်လို့ သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။